(မှုခင်း) မေ ၁၃
နေပြည်တော်၊တပ်ကုန်းမြို့၊ ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ် ၂၄၉ မိုင် ၆ဖာလုံံနှင့်၇ဖာလုံံကြား သံယောဇဉ်စားသောက်ဆိုင်အနီးတွင် ဆိုင်ကယ်တိမ်းမှောက်ရာမှ တွဲကားကြိတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယနေ့နံနက် ၁၁နာရီအချိန်က ပျဥ်းမနားဘက်မှာ တပ်ကုန်းမြို့ဘက်သို့ အမျိုးသားတစ်ဦး မောင်းနှင်သည့် 48W/78345 DAMON မော်တော်ဆိုင်ကယ်သည် လမ်းယာဘက်ခြမ်းတဆင့်နိမ့်မှ လမ်းမပေါ်တက်ရောက်စဥ် ဆိုင်ကယ်တိမ်းမှောက်ခဲ့ရာ လားရာတူနောက်မှ ယာဉ်မောင်း ဦးသန့်ဇင်ထွန်း(ဘ)ဦးမြင့်ဆိုင်၊အောင်မြန်မာလမ်းအမှတ်(၄)ရပ် ကွက်၊ရေတာရှည်မြို့နယ်နေသူမောင်းနှင်သည့် 6S/27 50 JAC အမျိုးအစားတွဲယာဉ်အဖြူရောင် ယာဉ်၏ နောက်ယာဘီးတွဲဘီးအောက်သို့ရောက်ရှိခဲ့သဖြင့် တွဲယာဉ်နောက်ဘီးဖြင့်ဆိုင်ကယ်ယာဥ်မောင်းအား ကြိတ်မိခဲ့ကြောင်း သိရသည်။
အဆိုပါတွဲကားကြိတ်မိသည့် ဆိုင်ကယ်မောင်းနှင်သူလအမျိုးသားသည်ဦးခေါင်းပွင့်ထွက် ဒဏ်ရာဖြင့် နေရာတွင်ပွဲချင်းပီးသေဆုံးခဲ့ကြောင်း၊သေဆုံးသူ၏ ရုပ်အလောင်းအား တပ်ကုန်းမြို့ကုတင်(၁၀၀)ဆေးရုံသို့ ပို့ဆောင်ထားရှိပြီး အမှုဖွင့်အရေးယူနိုင်ရေးဆောင်ရွက်နေလျက်ရှိိကြောင်း သိရသည်။

#PAN