

(မိုး/ဇလ) မေ ၁၁
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ရန်ကုန်-ပြည် ရထားလမ်းနှင့် ကားလမ်းကြား၊ ကုန်းမြင်ကျေးရွာအနီးတွင် လေပြင်းတိုက်ခတ်မှုကြောင့် အိုးဝေပေါ်သို့ သစ်ပင်လဲကျမှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ယမန်နေ့ မေလ ၁၀ ရက် နေ့လယ် ၁ နာရီ ၅၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ပြီး အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သတင်းရရှိသဖြင့် ကြို့ပင်ကောက်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် အခင်းဖြစ်နေရာသို့ သွားရောက်ကာ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ထိုလေပြင်းတိုက်ခတ်မှုကြောင့် လဲကျခဲ့သည့် သစ်ပင်အား လမ်းပိတ်ဆို့မှုမဖြစ်စေရန်နှင့် အန္တရာယ်ကင်းရှင်းစေရန် မီးသတ်တပ်ဖွဲ့ဝင်များက အချိန်မီ ဖယ်ရှားရှင်းလင်းခဲ့ကြောင်း သိရသည်။၄င်းဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။
#PAN