
(နိုင်ငံတကာ)မေ ၆
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ဟော်မုဇ်ရေ လက်ကြားအတွင်း ပိတ်မိနေသည့် ကုန်တင်သင်္ဘောများကို စစ်တပ်အကူအညီဖြင့် လမ်းပြထုတ်ဆောင်ပေးမည့် “Project Freedom” စစ်ဆင်ရေးကို ယာယီရပ်နားထားကြောင်း ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ကြေညာလိုက်သည်။
“ရေကြောင်းပိတ်ဆို့မှုကတော့ အပြည့်အဝ ဆက်ရှိနေဦးမှာဖြစ်ပေမယ့်၊ သဘောတူညီချက်ကို အချောသတ် လက် မှတ်ရေးထိုးနိုင်ခြင်း ရှိ၊ မရှိ စောင့်ကြည့်ဖို့အတွက် Project Freedom (ဟော်မုဇ်ရေလက်ကြားအတွင်း သင်္ဘောများ သွားလာရေးစီမံချက်) ကို ခေတ္တရပ်နားထားဖို့ နှစ်ဖက်သဘောတူညီခဲ့ကြပါတယ်” ဟု ထရန့်က ရေးသားခဲ့သည်။ ယင်းအပေါ် အီရန်ဘက်မှ တစ်စုံတစ်ရာ ချက်ချင်း တုံ့ပြန်ပြောဆိုခြင်း မရှိသေးပေ။
သမ္မတထရန့်၏ ပြောကြားချက်အရ ဤသို့ စစ်ဆင်ရေးကို ခေတ္တရပ်နားခြင်းမှာ ပါကစ္စတန်အပါ အဝင် အခြားမိတ်ဖက်နိုင်ငံများ၏ တောင်းဆိုမှုကြောင့်ဖြစ်ပြီး၊ အီရန်ကိုယ် စားလှယ်များနှင့် ပြီး ပြည့်စုံသည့် နောက်ဆုံးသဘောတူညီချက်တစ်ရပ် ရရှိရန် သိသာထင်ရှားသည့် တိုးတက်မှုများ ရှိနေခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။ “ရေကြောင်းပိတ်ဆို့မှုကတော့ ဆက်ရှိနေဦးမှာဖြစ်ပေမယ့်၊ သဘောတူညီချက်ကို အချောသတ် လက်မှတ်ရေးထိုးနိုင်ဖို့ Project Freedom ကို ခေတ္တရပ်နားပြီး စောင့်ကြည့်သွားမှာပါ” ဟု ထရန့်က ရေးသားခဲ့သည်။
ယခုကဲ့သို့ စစ်ဆင်ရေးရပ်နားမှုကို ကြေညာလိုက်သော် လည်း ဒေသတွင်း တင်းမာမှုများမှာမူ လျော့ပါးသွားခြင်း မရှိသေးပေ။ အမေရိကန်စစ်တပ်သည် ဟော်မုဇ်ရေလက် ကြားအတွင်း အီရန်လှေငယ်အချို့နှင့် ဒုံးကျည်များကို ဖျက်ဆီးခဲ့ရသလို၊ ယူအေအီးနိုင်ငံမှာလည်း အီရန်၏ တိုက် ခိုက်မှုများကို နှစ်ရက်ဆက်တိုက် ရင်ဆိုင်ခဲ့ရသည်။သို့သော်လည်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဆက်သ်က ယခုဖြစ်စဉ်များသည် အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ရာမရောက်ကြောင်းနှင့် အမေရိကန်အနေဖြင့် စစ်ပွဲကို မလိုလားကြောင်း ပြောကြားထားသည်။
ဝါရှင်တန်ဒီစီတွင် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို (Marco Rubio) က အမေရိကန်အနေဖြင့် အီရန်အပေါ် ထိုးစစ်ဆင်နွှဲသည့် “Operation Epic Fury” စစ်ဆင်ရေးကို အဆုံးသတ်လိုက်ပြီဖြစ်ပြီး “ကျွန်တော်တို့ကို အရင်မပစ်ရင် ပြန်မပစ်ဘူး” ဟု သတင်း ထောက်များကို ပြောကြားခဲ့သည်။ သို့သော် အီရန်အနေဖြင့် ရေလက်ကြားကို ထိန်းချုပ်ရန် ကြိုးပမ်းမှုအတွက် “တန်ဖိုးတစ်ခု ပေးဆပ်ရမည်” ဟု ၎င်းက ဆိုသည်။
ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ခံထားရမှုကြောင့် ကမ္ဘာ့ရေနံနှင့် မြေသြဇာဈေးနှုန်းများ အဆမတန်မြင့်တက်နေပြီး ကမ္ဘာ့စီးပွားရေး ကျဆင်းမည့်အရေးကို နိုင်ငံတကာက စိုးရိမ်နေကြသည်။ ဝါရှင်တန်အနေဖြင့် အီရန်အပေါ် စီးပွားရေးနှင့် စစ်ရေးအရ ဖိအားပေးခြင်းဖြင့် အီရန်ကို ဆွေးနွေးပွဲစားပွဲဝိုင်းသို့ ခေါ်ဆောင်ရန် ကြိုးပမ်းနေခြင်းလည်း ဖြစ်သည်။
#Trump #IranDeal #HormuzStrait #ProjectFreedom #MiddleEastNews #BreakingNews #PositiveAngleNews
Telegram»…
https://t.me/positiveanglenews
#PAN