(စီးပွားရေး) မေ ၅
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနရှိ သမဝါယမဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့မှ တိုင်းဒေသကြီးနှင့် ပြည်နယ် ဦးစီးမှူးများနှင့် တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း၊ ဒုတိယဝန်ကြီး ဦးသိုက်စိုးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဦးစီးမှူးများ တက်ရောက်ခဲ့ကြသည်။အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မစနစ်ဖြင့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ စနစ်ကျသည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများဖြစ်စေရေးနှင့် ထွက်ရှိလာသည့် စိုက်ပျိုးရေးကုန်ကြမ်းများကို အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက နည်းပညာပံ့ပိုး၍ တန်ဖိုးမြင့်ထုတ်ကုန်များဖြစ်သည်အထိ သမဝါယမစနစ်ဖြင့် ပူးပေါင်းဆောင်ရွက်ရေး၊ သမဝါယမစနစ် (MSME) လုပ်ငန်းများ အောင်မြင်ရေးတိုအတွက် တွေ့ဆုံရခြင်းဖြစ်ကြောင်း လိုအပ်ကြောင်း လမ်းညွှန်မှာကြားခဲ့သည်။
ထို့အပြင် ဝန်ထမ်းများအနေဖြင့် သမဝါယမစနစ်ကိုမဏ္ဍိုင်ပြု၍ စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုတိုးတက်၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားရေး၊ ကျေးလက်အခြေခံအဆောက် အအုံများဖွံဖြိုးရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီး၍ မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများ ဆောင်ရွက်ကြရာတွင် သတင်းအချက်အလက် မှန်မှန်ကန်ကန်ကောက်ယူပြီး ဒေသခံတောင်သူများ စနစ်ကျသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လာစေရေး စည်းရုံးဆောင်ရွက်ကြရန်နှင့် ပေါင်းစပ် ညှိနှိင်းဆောင်ရွက်ကြရန် တ တိုက်တွန်းခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများက ကဏ္ဍအလိုက် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြ၍ ဆွေးနွေးခဲ့ကြသည်။ထို့နောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်ညွှန်ကြားခဲ့ပြီး လုပ်ငန်းများ ပိုမိုအောင်မြင်တိုးတက်ရေးအတွက် အဖွဲ့အစည်းအချင်းချင်း စည်းလုံးညီညွတ်စွာ ဆောင်ရွက်ကြရန်နှင့် လက်တွေ့ကျသည့် စီမံချက်များ ရေးဆွဲတင်ပြဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
#PAN