
(ပြည်တွင်း) မေ ၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီး လည်ပတ်ရန်အတွက် အိန္ဒိယရေတပ်မှ စစ်ရေယာဉ် INS Satpura (F-48) နှင့် INS Sunayna (P-57) တို့သည် ၂၀၂၆ ခုနှစ် မေ ၄ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်း MITT တံတားသို့ ရောက်ရှိလာကြောင်း သိရသည်။
အဆိုပါ စစ်ရေယာဉ်များကို တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိများနှင့် စစ်သည်များက ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး စုစုပေါင်း အရာရှိနှင့် စစ်သည် (၅၂၇) ဦး လိုက်ပါလာကြောင်း သိရသည်။
အဆိုပါ ချစ်ကြည်ရေးခရီးစဉ်အတွင်း အိန္ဒိယရေတပ်အဖွဲ့ဝင်များသည် မေ ၆ ရက်အထိ သုံးရက်ကြာ နေထိုင်ကာ ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ လေ့လာလည်ပတ်သွားမည်ဖြစ်ပြီး မြန်မာတပ်မတော်(ရေ)နှင့် ချစ်ကြည်ရေးအားကစားပြိုင်ပွဲများလည်း ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။