
(ပြည်တွင်း) မေ ၄
လဟာကြီးကျေးရွာတွင် အင်းလုပ်ငန်းနှင့်ပတ်သက်သည့် ပြဿနာများကို ဖြေရှင်းနိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ပြည်သူများနှင့် တိုက်ရိုက်တွေ့ဆုံကာ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
မေလ ၃ ရက်နေ့ နံနက် ၁၀ နာရီတွင် လဟာကြီးကျေးရွာရှိ ဦးစံမြင့်၏နေအိမ်၌ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးသန့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်သော ဦးကျော်ဝင်းနိုင် နှင့် ဦးဇော်လင်းအောင် တို့အပါအဝင် ခရိုင်နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် ပါတီတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ထိုတွေ့ဆုံပွဲတွင် အင်းလုပ်ကိုင်နေသူများနှင့် ပြည်သူ ၄၇ ဦးတို့က လဟာကြီးအင်းနှင့် ပတ်သက်သည့် တိုင်ကြားချက်များကို တင်ပြခဲ့ကြပြီး တာဝန်ရှိသူများက မြေပြင်အခြေအနေကို တိုက်ရိုက် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အဆိုပါ စစ်ဆေးမှုကို နေ့လည် ၁ နာရီ ၃၀ မိနစ်တွင် ပြီးစီးခဲ့ပြီး ဆက်လက်၍ လိပ်ခုံးအုပ်စုတွင် ပြည်သူများနှင့် ထပ်မံတွေ့ဆုံကာ လွှတ်တော်အတွေ့အကြုံများ ရှင်းလင်းပြောကြားခြင်းနှင့် ပြည်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။