(ပြည်တွင်း) မေ ၂
တိုင်းဒေသကြီးရေချိုငါးလုပ်ငန်းဥပဒေ ပြင်ဆင်နိုင်ရေးအတွက် လွှတ်တော် ၃ ရပ်မှ လွှတ်တော်ကိုယ်စားလှယ်များသည် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၆ ခုနှစ်၊ မေလ ၂ ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်း နှင့်အတူ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးရေချိုငါးလုပ်ငန်းဥပဒေကို လက်ရှိအခြေအနေများနှင့် ကိုက်ညီစေရန် ပြင်ဆင်နိုင်ရေး၊ ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသခံပြည်သူများ၏ အသက်မွေးဝမ်းကျောင်းအတွက် အထောက်အကူဖြစ်စေရန် ဆောင်ရွက်နိုင်မည့် အချက်များကို အဓိကထား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
#PAN