ငါန်းဇွန်မြို့နယ်အတွင်း အကြမ်းဖက်သောင်း ကျန်းသူ PDF များက NLD ထောက်ခံသူအမာခံ ၂ ဦးကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

ဇူလိုင် ၂၁

     ယမန်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် မန္တလေး တိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ရေလည်သောင်ကျေးရွာအုပ်စု၊ရေလည်သောင်(အနောက်)ကျေး ရွာသို့ အကြမ်းဖက်သောင်းကျန်းသူ PDF အင် အား ၁၁ ဦးတို့ ဧရာဝတီမြစ်ကြောင်းအတိုင်း စက်လှေဖြင့်ရောက်ရှိလာကာ အကြမ်းဖက် PDF ၈ ဦးမှာ ရွာအပြင်မှ စောင့်ဆိုင်းနေခဲ့ပြီး အကြမ်းဖက် PDF ၃ ဦးက ရွာအတွင်းဝင်ရောက်၍ ကျေးရွာနေသူများဖြစ်သော ဦးကျော်ဟံ၊၅၅နှစ်၊(ဘ)ဦးငှက်ရိုးနှင့် ကိုရဲမင်းကျော်၊၃၅နှစ်၊(ဘ)ဦးမြင့်သိန်းတို့ ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကာ ကျေးရွာအပြင်ဘက်အရောက်တွင် သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ပြီး ဧရာဝတီမြစ်ကြောင်းအတိုင်း စက်လှေဖြင့် ပြန်ထွက်သွားခဲ့ပါသည်။

     သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ဦးကျော်ဟံနှင့်ကိုရဲမင်းကျော်တို့တွင် သေနတ်ထိမှန်ဒဏ်ရာများဖြင့်အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ပါသည်။သေဆုံးသူ ၂ ဦးမှာ NLD ထောက်ခံသူအမာခံများဖြစ်ပြီး မည်သည့်အကြောင်းကြောင့် သတ်ဖြတ်ရသည်ကို မသိရသေးကြောင်း၊ ငွေကြေးအဝေမတည့်မှုများကြောင့် အချင်းချင်းသတ်ဖြတ်ခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများထံမှ ကြားသိရပါသည်။

#PAN