(မှုခင်း)ဧပြီ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ တိုးချဲ့(၄)ရပ်ကွက်၊ ကေတုမာလာလမ်းတွင် ဆိုင်ခန်းနှင့် နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

ယနေ့ ညနေ ၅ နာရီအချိန်ခန့် က တောင်ဥက္ကလာပမြို့နယ် ကေတုမာလာလမ်းရှိ ဂတ်စ်အိုးရောင်းချသည့်ဆိုင်တွင် ဝရိန်ဆော်ရာမှ မီးလောင်မှုဖြစ်ခဲ့ရာ ဆိုင်ပိုင်ရှင်အပါအဝင် လူသုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မီးလောင်သည့်နေရာသို့ တောင်ဥက္ကလာမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဥ်များမှ Level 1 အဆင့်ငြိမ်းသတ်ခဲ့ရပြီး ညနေ၅ နာရီ ၃၈ မိနစ်အချိန် မီးငြိမ်းကြောင်း သိရသည်။

အဆိုပါ မီးလောက်မှုကြောင့် လူနေအိမ်တစ်လုံးအပါဝင် ဆိုင်ခန်းလေးခန်း မီးလောင်ဆုံးရှုံးခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများအား မြောက်ဥက္ကလာဆေးရုံနှင့် စံပြဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

#PAN