အီရန်ရေနံဝယ်ယူမှုကြောင့် တရုတ်၏ ‘Teapot’ ရေနံချက်စက်ရုံကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့

(နိုင်ငံတကာ)ဧပြီ ၂၅

     ​အမေရိကန်အစိုးရသည် အီရန်ထံမှ ဒေါ်လာသန်းရာနှင့်ချီတန်ဖိုးရှိသော ရေနံများ ဝယ်ယူနေသည့် တရုတ်နိုင်ငံ၏ ပုဂ္ဂလိက ရေနံချက်စက်ရုံကြီးတစ်ခုနှင့် အီရန် ၏ ရေနံကို လျှို့ဝှက်သယ်ယူပို့ဆောင်နေတဲ့ သင်္ဘောအုပ်စု(Shadow Fleet)တွင် ပါဝင်နေသည့် သင်္ဘောကုမ္ပဏီများကို ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ ချမှတ်လိုက်သည်။

​     အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနသည် တရုတ်နိုင်ငံ၏ ဒုတိယအကြီးဆုံး ပုဂ္ဂလိက ရေနံချက်စက်ရုံ (Teapot Refinery) ဖြစ်သော Hengli Petrochemical (Dalian) Refinery ကို ပိတ်ဆို့စာရင်းသွင်းလိုက်ခြင်း ဖြစ်သည်။ အဆိုပါစက်ရုံသည် အီရန်စစ်တပ်အတွက် ဒေါ်လာသန်းပေါင်းများစွာ ဝင်ငွေရရှိစေမည့် ရေနံစိမ်းဝယ်ယူမှုများကို လျှို့ဝှက်လုပ် ဆောင်ပေးနေသည့် အဓိကလမ်းကြောင်းဖြစ်သည်ဟု ဝါရှင်တန်က ယူဆထားသည်။ အီရန်ရေနံများကို ကမ္ဘာအနှံ့ သယ်ယူပို့ဆောင်ပေးနေသည့် သင်္ဘောကုမ္ပဏီနှင့် ကုန်တင်သင်္ဘော အစင်း ၄၀ ခန့်ကိုလည်း တစ်ပါတည်း ပိတ်ဆို့လိုက်သည်။

​     ဝါရှင်တန်ရှိ တရုတ်သံရုံးကမူ အမေရိကန်အနေဖြင့် ကုန်သွယ်ရေးနှင့် နည်းပညာကိစ္စများကို နိုင်ငံရေးလက် နက်သဖွယ် အသုံးချကာ တရုတ်ကုမ္ပဏီများကို ဖိနှိပ်နေခြင်းကို ချက်ချင်းရပ်တန့်ရန် ပြင်းထန်စွာ တုံ့ပြန်ကန့် ကွက်ထားသည်။ တရုတ်နိုင်ငံသည် ၎င်း၏ ရေနံလိုအပ်ချက် ၈၀ ရာခိုင်နှုန်းကျော်ကို အီရန်ထံမှ ဝယ်ယူနေရခြင်း ဖြစ်သည်။

​     လက်ဖက်ရည်ကရားပုံသဏ္ဌာန်ရှိ၍ ‘Teapot’ ဟု အမည်ပြောင်ပေးထားသော ဤပုဂ္ဂလိကစက်ရုံငယ်များသည် ဈေးနှုန်းချိုသာသော အီရန်နှင့် ရုရှားရေနံများကို အဓိကအားကိုးနေရသူများ ဖြစ်သည်။ ယခုအခါ အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှုအပြင်၊ အရှေ့အလယ်ပိုင်း စစ်မီးကြောင့် ရေနံစျေးနှုန်းများ မြင့်တက် နေခြင်းက ဤစက်ရုံများအတွက် ဘဏ္ဍာရေး အကျပ် အတည်းကို ပိုမိုဆိုးရွားစေလျက်ရှိသည်။

     စစ်ပွဲမစတင်မီကပင် ထရန့်အစိုးရသည် တရုတ်နိုင်ငံ၏ သီးခြားရေနံချက်စက်ရုံများကို ပစ်မှတ်ထားခဲ့သည်။ ပြီးခဲ့သည့်နှစ်တွင် ဘဏ္ဍာရေးဝန်ကြီးဌာနသည် Hebei Xinhai Chemical Group၊ Shandong Shouguang Luqing Petrochemical နှင့် Shandong Shengxing Chemical ကုမ္ပဏီများကို ဒဏ်ခတ်ပိတ် ဆို့မှုများ ချမှတ်ခဲ့ပါသည်။

     အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် အီရန်၏ ဝင်ငွေရလမ်းများကို ဖြတ်တောက်ရန် ဧပြီလ ၁၃ ရက်ကတည်းက အီရန်ဆိပ်ကမ်းများကို ရေကြောင်းပိတ် ဆို့ထားဆဲဖြစ်ပြီး၊ ယခုပိတ်ဆို့မှုသည် အီရန်နှင့် ဆက် စပ်နေသော တရုတ်စီးပွားရေးကွန်ရက်ကို ပိုမိုအားပျော့သွားစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု လေ့လာသူများ သုံးသပ်ထားပါသည်။

​#USSanctions #ChinaRefinery #TeapotRefinery #IranOil #HengliPetrochemical #GlobalEconomy #BreakingNews #PositiveAngleNews #OilMarket

Telegram»…
https://t.me/positiveanglenews

#PAN