

(ပြည်တွင်း) ဧပြီ ၂၄
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ ၂၃ ရက်နေ့ နံနက် ၉ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။



အစည်းအဝေးသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်သီဟနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (အမှတ်-၁) ဒေါ်ခင်မြတ်စုတို့ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် သက်ဆိုင်ရာလုပ်ငန်းများကို ပူးပေါင်းညှိနှိုင်းတိုင်ပင် ဆွေးနွေးခဲ့ကြပြီး လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြသည်။