
(နိုင်ငံတကာ) ဧပြီ ၂၄
နာမည်ကျော် လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုကျူးလွန်သူ ဂျက်ဖရီ အက်ပ်စတိန်း (Jeffrey Epstein)နှင့် ပတ် သက်သည့် လျှို့ဝှက်အမှုတွဲများကို ထုတ်ပြန်ရာ တွင် အစိုးရက ဥပဒေအတိုင်း လိုက်နာဆောင်ရွက်ခြင်း ရှိ၊ မရှိကို အမေရိကန် တရားရေးဝန်ကြီးဌာန (DOJ) ၏ လွတ်လပ်သော စောင့်ကြည့်ရေးအဖွဲ့က စုံစမ်းစစ်ဆေးတော့မည် ဖြစ်သည်။
ပြီးခဲ့သည့် နိုဝင်ဘာလတွင် အတည်ပြုခဲ့သည့် “အက်ပ်စတိန်း အမှုတွဲများ ပွင့်လင်းမြင်သာမှုရှိရေး အက် ဥပဒေ” (Epstein Files Transparency Act) အရ အက်ပ်စတိန်းနှင့် ပတ်သက်သည့် မှတ်တမ်းအားလုံးကို ရက်ပေါင်း ၃၀ အတွင်း အများပြည်သူသိရှိအောင် ထုတ်ပြန်ရမည် ဖြစ်သည်။
ထရန့်အစိုးရသည် အမှုတွဲများအတွင်းပါရှိသည့် ဩဇာရှိသူများ၏ အမည်များကို ကာကွယ်ရန်အတွက် စာသားများကို အလွန်အကျွံ ဖျက်တောက်ထားသည်ဟု လွှတ်တော်အမတ်များက စွပ်စွဲထားသည်။ ဥပဒေက သတ်မှတ်ထားသည့် ရက်ပေါင်း ၃၀ ထက် များစွာကျော်လွန်ပြီးမှ မှတ်တမ်းအချို့ကို ထုတ်ပြန်ခဲ့ရာ နှောင်နှေးမှုအတွက် ဝေဖန်မှုများ ထွက်ပေါ်နေသည်။
သမ္မတထရန့်သည် အက်ပ်စတိန်းနှင့် ပုဂ္ဂိုလ်ရေးအရ ရင်းနှီးခဲ့သူဖြစ်သည့်အတွက် အမှုတွဲများကို ကိုင်တွယ်ပုံအပေါ် လူထုက သံသယဖြင့် စောင့်ကြည့်နေကြသည်။ YouGov စစ်တမ်းအရ လူထု၏ ၅၃ ရာခိုင်နှုန်းက ထရန့်သည် အက်ပ်စတိန်း၏ ရာဇဝတ်မှုများကို ဖုံးကွယ်ရန် ကြိုးပမ်းနေသည်ဟု ယူဆနေကြသည်။
တရားရေးဝန်ကြီး ပမ်ဘွန်းဒီက အက်ပ်စတိန်း၏ ဖောက်သည်စာရင်း (Client List) ရှိသည်ဟု ပြောကြားခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည်ငြင်းဆိုခဲ့ခြင်းကလည်း ရှေ့နောက်မညီသော ပြောဆိုချက်များမှာ အငြင်းပွားဖွယ် ဖြစ်ခဲ့သည်။
လက်ရှိတွင် ယာယီတရားရေးဝန်ကြီးအဖြစ် ခန့် အပ်ခံရသူ တော့ဒ်ဘလန့်ချ်(Todd Blanche) အနေဖြင့် ကျန်ရှိနေသည့် အမှုတွဲများကို ရက်ပေါင်း ၃၀ အတွင်း ထုတ်ပြန်ရန်နှင့် ပျက်ကွက်ပါက ရာဇဝတ်ကြောင်းအရ တာဝန်ရှိလာမည်ဖြစ်ကြောင်း လွှတ်တော်အမတ်များက ပြင်းပြင်းထန်ထန် သတိပေးထားသည်။
#EpsteinFiles #TrumpAdministration #DOJProbe #TransparencyAct #BreakingNews #PositiveAngleNews #InternationalNews
Telegram»…
https://t.me/positiveanglenews
#PAN