
(နိုင်ငံတကာ) ဧပြီ ၁၈
ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ် ပေး လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပြီး ၂၄ နာရီပင် မပြည့်သေးမီ၊ အမေရိကန်၏ ရေတပ်ပိတ်ဆို့မှု (Naval Blockade) ဆက်လက်ရှိနေခြင်းကြောင့် အဆိုပါ မဟာဗျူဟာမြောက် ရေလမ်းကြောင်းကို “ယခင်အခြေအနေအတိုင်း” ပြန်လည်ပိတ်ဆို့ ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း အီရန်က ယနေ့တွင် ထပ်မံကြေညာလိုက်သည်။
အီရန်စစ်တပ်၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနဖြစ်သော Khatam Al-Anbiya က ထုတ်ပြန်ရာတွင် အမေရိကန် ၏ ရေတပ်ပိတ်ဆို့မှုကို “ပင်လယ်ဓားပြလုပ်ရပ်” ဟု ဖော်ပြခဲ့သည်။ “ဒီအကြောင်းပြချက်ကြောင့်ပဲ ဟော်မုဇ်ရေလက်ကြားအပေါ် ထိန်းချုပ်မှုကို ယခင်အခြေ အနေအတိုင်း ပြန်လည်သတ်မှတ်လိုက်ပြီဖြစ်ပြီး၊ ဒီ ရေလမ်းကြောင်းဟာ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တင်းကျပ်တဲ့ စီမံခန့်ခွဲမှုအောက်ကို ပြန်လည်ရောက်ရှိသွားပြီဖြစ်ပါတယ်” ဟု ဆိုသည်။
အီရန်ဘက်က အီရန်ဆိပ်ကမ်းများသို့ ဝင်ထွက်မည့် သင်္ဘောများအားလုံးကို အမေရိကန်က အနှောင့် အယှက်မရှိ လွတ်လပ်စွာ သွားလာခွင့် (Freedom of Navigation) ပြန်လည်ပေးအပ်ခြင်း မရှိသရွေ့ ရေ လက်ကြားကို ဆက်လက်ပိတ်ဆို့ထားမည် ဖြစ် ကြောင်း ၎င်းတို့၏ ရပ်တည်ချက်ကို အတိအကျ ပြောဆိုထားသည်။
ယမန်နေ့က သမ္မတ ဒေါ်နယ်ထရန့်နှင့် အီရန်နိုင်ငံ ခြားရေးဝန်ကြီးတို့က ရေလက်ကြား ပြန်ပွင့်ပြီဖြစ် ကြောင်း အသီးသီး ကြေညာခဲ့ကြသော်လည်း၊ ထရန့်က အီရန်အပေါ် ရေတပ်ပိတ်ဆို့မှုမှာမူ ဆက်ရှိနေမည်ဟု ဆိုခဲ့ခြင်းကြောင့် ယခုကဲ့သို့ အခြေအနေ ပြန်လည်တင်းမာသွားခြင်း ဖြစ်သည်။
ကမ္ဘာ့ရေနံလိုအပ်ချက်၏ ငါးပုံတစ်ပုံ ဖြတ်သန်းရာ ဤရေလမ်းကြောင်းကြီး ပြန်လည်ပိတ်ဆို့ခံရခြင်းကြောင့် ကမ္ဘာ့ရေနံစျေးကွက်နှင့် ပို့ဆောင်ရေးကဏ္ဍတွင် တစ်ကျော့ပြန် ရိုက်ခတ်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း စီးပွားရေးလေ့လာသူများက စိုးရိမ်နေကြသည်။
#HormuzStrait #Iran #USBlockade #OilCrisis #BreakingNews #DonaldTrump #PositiveAngleNews #InternationalNews
Telegram»…
https://t.me/positiveanglenews
#PAN