ငလျင်ကြီး တစ်နှစ်ပြည့်ဖို့ ၂ ရက်အလို မန္တလေးမှာ ၄.၂ ငလျင်လှုပ်ခတ်

(မိုးဇလ) မတ်၂၆

လူ၊ တိရိစ္ဆာန်နဲ့ အိုးအိမ်များစွာသေကြေပျက်စီးခဲ့ရတဲ့ မန္တလေး ငလျင်ကြီးလှုပ်ခတ်ခဲ့မှု တစ်နှစ်ပြည့်ဖို့ ၂ ရက်အလိုမှာပဲ မန္တလေးမြို့ကနေ ၂၅ မိုင်ခန့်အကွာမှာ ပြင်းအား ၄.၂ အဆင့်ရှိ ငလျင်တစ်ခု ဒီနေ့ ညဦးပိုင်းမှာ လှုပ်ခတ်သွားပါတယ်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ချက်အရ ယနေ့ည ၇ နာရီ ၃၆ မိနစ် ၅၂ စက္ကန့်အချိန်မှာ လှုပ်ခတ်သွားခဲ့တာဖြစ်ပြီး ငလျင်ဗဟိုချက်မှာ မြေအနက် ၁၀ ကီလိုမီတာမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ငလျင်လှုပ်ခတ်မှုဟာသိတာပြီး မန္တလေးကပြည်သူတစ်ချို့ စိုးရိမ်ထိတ်လန့်မှုရှိခဲ့ကြသလို အသင်းအဖွဲ့တွေကလည်း လိုအပ်တဲ့အကူညီရှိရင်ဆက်သွယ်ကြဖို့ နှိုးဆော်နေကြပြီး သက်ဆိုင်ရာအာဏာပိုင်တွေကတော့ ပျက်စီးမှုတွေ မရှိစုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

ငလျင်ဟာတစ်နှစ်ပြည့်ပြီဆိုတာကို လာရောက်အသိပေးတာဖြစ်သလို နာကျင်ခံစားခဲ့ရတာတွေကို ပြန်ပြီးနှိုးဆွလိုက်တာဖြစ်တယ်လို့ မြို့ခံတွေက ပြောဆိုနေကြပါတယ်။

#PAN