ကျိုင်းတုံမြို့၌ ဓါးပြတိုက်မှုဖြစ်ပွား ဓါးပြတစ်ဦး၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အိမ်ရှင်အမျိုးသား ထိမှန်သေဆုံး

(ပြည်တွင်း) မတ် ၂၂

     ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ရပ်ကွက်ဘ(၄)၊ မြို့သစ်ရပ်၊ ဓမ္မဝတ္တလမ်းရှိ နေအိမ်တစ်လုံးတွင် ဓါးပြ တိုက်မှုဖြစ်ပွားရာ ဓားပြတစ်ဦးက ထွက်ပြေးစဥ် သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် ၎င်းအိမ်ရှင်အမျိုးသားတစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့သည်ဟု သိရပါသည်။

     ယမန်နေ့ ညနေ ၅ နာရီ ၃၅ မိနစ်အချိန်ခန့်တွင် ကျိုင်းတုံမြို့၊ ရပ်ကွက်(၄)၊ မြို့သစ်ရပ်၊ ဓမ္မဝတ္တလမ်းနေ ဦးဝမ်ကျိုင်(၃၅)နှစ်၊ (ဘ)ဦးအားဘဲ(လ်)လယ်၊ ငွေလဲလှယ်(ဒေါ်လာ၊ ဘတ်၊ ယွမ်)လုပ်ကိုင်သူနှင့် ဇနီးဖြစ်သူ ဒေါ်အားရင်ရှင် (၃၅)နှစ်၊ (ဘ)ဦးအားကိုင် နေအိမ် သို့ အမျိုးသား(၄)ဦး(စိစစ်ဆဲ)သည် Crown အမျိုးအစား (ခဲရောင်)၊ မော်တော်ယာဉ်အမှတ် 1M-1860 ဖြင့် နေအိမ်ရှေ့သို့ ရောက်ရှိလာပြီး ငွေလဲမည်ဟု ပြောဆိုကာ ဝင်ရောက်၍ ပစ္စတိုသေနတ် (၁)လက်၊ ဓါး(၁)ချောင်း ကိုင်ဆောင်ကာ ဓားပြတိုက်ခဲ့ခြင်း ဖြစ်သည်။

     ဓါးပြတိုက်ခဲ့ပြီးနောက် ထွက်ပြေးသွားစဥ် သေနတ် (၁)ချက် ပစ်ခတ်ခဲ့ရာ ယင်းသို့ ပစ်ခတ်မှုကြောင့် ဦးဝမ်ကျိုင် တွင် ဝဲဘက် ဝမ်းဗိုက် ထိမှန်ခဲ့သည်။ ၎င်းအား ကျိုင်းတုံပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးကုသစဉ် ညနေ ၆ နာရီ ၄၅ မိနစ် အချိန်တွင် ရရှိသည့်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့သည်ဟု သိရပါသည်။

      အဆိုပါ ဓားပြများအား ဖမ်းဆီးရမိရေး လုံခြုံရေး
ပူးပေါင်းအဖွဲ့များက မြို့အဝင်/အထွက် ဂိတ်များတွင် ပိတ်ဆို့ရှာဖွေ စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

#PositiveAngle #KengTungNews #CrimeAlert #BreakingNews #MyanmarSecurity #RobberyReport

Telegram»…
https://t.me/positiveanglenews
#PAN