ပြည်ကြီးတံခွန်မြို့နယ်တွင် ယာဥ် ၁စီး လမ်းဘေးသစ်ပင် ဝင်တိုက်မိပြီး ယာဥ်မောင်းဒဏ်ရာရ

(မှုခင်း)ဖေဖော်ဝါရီ ၇

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (၁၃၂x၅၅)လမ်းထောင့်တွင် ယမန်နေ့ည ၈နာရီကျော်အချိန်က ယာဉ်(၁)စီးသည် သစ်ပင်ဝင်တိုက်မိမှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ယာဥ်တိုက်မှုဖြစ်ပွားသည့် နေရာသို့ ပြည်ကြီးတံခွန်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ပြည်ကြီးတံခွန် အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများသွားရောက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ယာဉ်မောင်း ကျား(၁)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)အား မျိုးဆက်သစ်ပရဟိတအသင်းမှ သူနာတင်ယာဉ်ဖြင့် ပြည်ကြီးတံခွန်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

#PAN