
(ပြည်တွင်း) ဇန်နဝါရီ ၂၀
ဇန်နဝါရီလ ၁၉ ရက်ကကျင်းပတဲ့ လန်ချန်း-မဲခေါင် အထူးရန်ပုံငွေနဲ့ထောက်ပံ့သော “SME များ၏ EcoInnovation နှင့် Green Practices တိုးတက်ရေး”အစည်းအဝေးမှာ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု 2.0 ဗာရှင်းကို အတူတကွဖန်တီးရန်ဆန္ဒရှိဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Ms. Ma Jia မှ ပြောကြားခဲ့ပါတယ်။
လန်ချန်း-မဲခေါင် စီမံကိန်းက ကောင်းမွန်သောဒေသတွင်း စံပြအကျိုးသက်ရောက်မှုကိုရရှိကာ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုက ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံ ပူးပေါင်းဆောင်ရွက်မှု၏ အောင်မြင်သော စံနမူနာတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံက လန်ချန်း-မဲခေါင် နိုင်ငံများရှိ SME များအား Eco-Innovation နှင့် အစိမ်းရောင် အသွင်ပြောင်းမှုမှာ ပံ့ပိုးပေးရေး၊ စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု၊ တံခါးဖွင့်လှစ်မှုနှင့် အပြန်အလှန် အကျိုးဖြစ်ထွန်းမှု၊ အစိမ်းရောင်ဆန်းသစ်တီထွင်မှု၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းမှုရှိသော “လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု 2.0 ဗာရှင်း”ကို အတူတကွဖန်တီးရန် ဆန္ဒရှိသည်ဟု ပြောကြားခဲ့ပါတယ်။
အဆိုပါစီမံကိန်းက လန်ချန်း-မဲခေါင်ဒေသနိုင်ငံများရှိ SME လုပ်ငန်း ၈၀ နီးပါးကို သုတေသနနှင့် အကဲ ဖြတ်ခြင်းပြုလုပ်မှုမှတစ်ဆင့် ဒေသတွင်းအစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးကူညီရန် မူဝါဒအကြံပြုချက်များကို အဆိုပြုခဲ့ပါတယ်။