ထန်းတပင်မြို့တွင် Drop Bombကျရောက်ပေါက်ကွဲမှုများ အဆက်မပျက်ဖြစ်ပေါ်နေပြီး ခရိုင်ဦးစီးအရာရှိတစ်ဦးသေဆုံး

(ပြည်တွင်း)ဇန်နဝါရီ ၁၁

ပဲခူးတိုင်း၊ထန်းတပင်မြို့ထွေအုပ်ရုံးပေါ်သို့ ယနေ့နံနက် ၇နာရီကျော်အချိန်မှစ၍ Drop Bombများ ကျပေါက်ကွဲလျက်ရှိကြောင်း သိရသည်။

အဆိုပါ Drop Bombကျရောက်ပေါက်ကွဲမှုကြောင့် ခရိုင်ထွေအုပ်ရုံးမှ ခရိုင်ဦးစီးအရာရှိ ဦးနေထွန်းသန်းတွင် ရင်ဘက်ဖောက်ထွင်းဒဏ်ရာရရှိပြီ ခရိုင်ကော်မရှင် အဖွဲ့ဝင် ဦးနေဝင်း ပေါင်တွင်ဒဏ်ရာရ(မစိုးရိမ်ရ) ရရှိကြောင်း၊ ဒဏ်ရာရရှိသူများအား ထန်းတပင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ ခရိုင်ဦးစီးအရာရှိဦးနေထွန်းသန်းမှာ ရရှိဒဏ်ရာဖြင့် သေဆုံးသွားကြောင်း သိရသည်။

ထို့အပြင် ယနေ့နံနက် ၈နာရီကျော်အချိန်က ထန်းတပင်မြို့အတွင်း ပေါက်ကွဲမှုများဆက်လျက်ဖြစ်ပွားရာ ထန်းတပင်မြို့နယ်မြို့မရဲစခန်းအနီးတွင် drop bomb တစ်လုံးထပ်မံပေါက်ကွဲခဲ့ပါကြောင်း သိရသည်။

၁၀.၀၁.၂၀၂၆ ရက်နေ့ ည၈နာရီ၄၅မိနစ်အချိန် ခန့်တွင်လည်း ထန်းတပင်မြို့နယ်ခန်းမထွေအုပ်ရုံးအနီး မီးသတ်ရုံးဘေး စည်ပင်ပန်းခြံအတွင်းပေါက်ကွဲမှုဖြစ်ပါသွားခဲ့ရာထ်ိခိုက်မှုမရှိကြောင်း သိရသည်။