
2025ELECTION25NOV
မုဒုံမြို့နယ်၊ ကျောက်တလုံးကျေးရွာ၊ ဝင်းစိန်တောရကျောင်းရှေ့၊ မော်လမြိုင်-သံဖြူဇရပ်ကားလမ်းဘေးမှာ ဒီနေ့ နိုဝင်ဘာ ၂၅ ရက်နေ့ မနက် ၉ နာရီခန့်က မုဒုံမြို့နယ် ပြည်သူ့ပါတီက ပါတီအောင်နိုင်ရေး ဗွီနိုင်းဆိုင်ဘုတ် စိုက်ထူတာတွေ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဆိုင်းဘုတ်မှာတော့ ပြည်သူ့ပါတီဗဟိုဥက္ကဋ္ဌ ဦးကိုကိုကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ် လောင်း ၂ ဦးပုံပါဝင်ပြီး “အလင်းခေတ်ကို တည်ဆောက်ဖို့ ပြည်သူ့ပါတီကို မဲပေးစို့”ဆိုတဲ့စာသားလည်းထည့်သွင်းထားတယ်လို့ အဆိုပါဒေသခံကပြောပါတယ်။
မုဒုံမြို့နယ်၊ ဘဲရမ်းကျေးရွာ မော်လမြိုင်-သံဖြူဇရပ်ကားလမ်းဘေးက အာစင်နယ်လ္ဘရည်ဆိုင်ရှေ့၊ မုဒုံမြို့၊ မြို့မ ၄ ရပ်ကွက်၊ မော်လမြိုင်-သံဖြူဇရပ်ကားလမ်းဘေး ကန်ကြီးရပ်၊ သုခိတာရုံ ကျောင်းတိုက်အနီး၊ မုဒုံမြို့၊ မြို့မ(၂)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ ကိန္ဒရီကိန္ဒရာအဝိုင်းအနီးနဲ့ မုဒုံမြို့နယ်၊ ကော့ပရံကျေးရွာ၊ အရှေ့ပိုင်းလမ်းဆုံအနီးတွေမှာလည်း ဆိုင်းဘုတ်ထောင်တာပြုလုပ်ခဲ့တယ်လို့ ပါတီဝင်တစ်ဦးကပြောပါတယ်။
အဆိုပါ ဆိုင်းဘုတ်တွေကို မုဒုံမြို့နယ် ပြည်သူ့ပါတီက ဦးအောင်မြင့်ဦး(အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း FPTP)၊ ဦးဇော်ဝင်းထွေး (ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်လောင်း)၊ ဒေါ်အေးမြတ်သွယ် (အမျိုးသားလွှတ်တော်ကိုယ်စားလှယ် PR)၊ ဦးသန့်ဇင်(အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (ပေါင်မြို့နယ်မဲဆန္ဒနယ်) တို့ လိုက်ပါစိုက်ထူခဲ့တယ်လို့ သိရပါတယ်။