မန္တလေး ကိုးဖူးရှင်ဘုရားဝန်းအတွင်းတွင် ဗုံးသီး(၅)လုံး တွေ့ရှိ

(ပြည်တွင်း)နိုဝင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် မဟာနွယ်စဉ်ရပ်ကွက်၊ ၆၉*၇၀ လမ်းကြား၊ ၃၉*၄၀ လမ်းကြားရှိ ကိုးဖူးရှင်ဘုရားဝန်းအတွင်းတွင် ယနေ့မွန်းလွဲ၂နာရီအချိန်က ဗုံးသီး(၅)လုံး တွေ့ရှိကြောင်း သိရသည်။

ဖြစ်စဥ်မှာ ကိုးဖူးရှင် ဘုရားဝန်းအတွင်းရှိ ရေမြောင်းအား အမှိုက်သရှိုက်များ ဆည်ယူနေသော ဦးစိုးသူဟန်(သ)၃၅နှစ်(ဘ)ဦးမောင်ခိုင်၊၆၈လမ်း၊ ၄၀*၄၁ လမ်းကြား၊ မဟာမြိုင်(၁)ရပ်ကွက်နေသူမှ မြက်ရှိုင်းများအာ တံစဉ်ဖြင့်လှီးဖြတ်စဉ် တွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တွေ့ရှိ ဗုံးသီးများမှာ အီနာဂါ(၃)လုံးနှင့် ၄၀ မမ ဗုံးသီး(၂)လုံးဖြစ်ပြီး သက်ဆိုင်ရာ အဖွဲ့ထံ အပ်နှံထားရှိကြောင်း သိရှိရသည်။