မောတောင်မြို့ထဲ KNLA ဝင်လာလို့ ထောင်နဲ့ချီတဲ့ ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရ

(ပြည်တွင်း) နိုဝင်ဘာ ၁၄

ထိုင်းမြန်မာနယ်စပ် တနင်္သါရီမြို့နယ်ထဲမှာရှိတဲ့ မောတောင်မြို့ထဲကို ကရင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြသ်တဲ့ KNLA အဖွဲ့တွေဝင်ရောက်လာလို့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

မောတောင်မြို့ကို နိုဝင်ဘာလ ၁၀ ရက်နေ့ကစပြီး KNLA နဲ့ PDF ပူးပေါင်းအဖွဲ့တွေကတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး ဒီနေ့မှာတော့ မြို့ထဲထိဝင်ရောက်နိုင်ခဲ့ကြတယ်လို့ စစ်ရေးအရင်းအမြစ်ကပြောပါတယ်။

​ဒီနေ့ နိုဝင်ဘာ ၁၀ ရက်နေ့က တိုက်ပွဲတွေပြင်းထန်လာလို့ ဒေသခံနေတွေဟာ ထိုင်းဘက်ခြမ်းအပါအဝင် စစ်ဘေးလွတ်ရာတောတောင်တွေထဲကိုထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ လည်း သိရပါတယ်။

KNLA နဲ့လက်နက်ကိုင်အဖွဲ့တွေဟာ မြို့မ ရဲစခန်း၊ လုံခြုံရေးဂိတ်တွေနဲ့ လ၀ကဂိတ်တွေကိုတိုက်ခိုက်ခဲ့ကြပြီး   တပ်စွဲနေထိုင်နေတယ်လို့ သိရအာတယ်။

သတင်းအရင်းအမြစ်တွေရဲ့ပြောဆိုချက်အရ သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေနဲ့ ကိုယ်ဝန်ဆောင် မိခင်တွေလည်း စစ်ဘေးရှောင်နေရပြီး လက်ရှိအခြေအနေမှာတော့ နေစရာအမိုးအကာတွေနဲ့ စားစရာရိက္ခာတွေလိုအပ်နေတယ်လို့ သိရပါတယ်။

မောတောင်ကို KNLA ကဝင်ရောက်ထိန်းချုပ်လိုက်ပြီဖြစ်လို့ ဒေသခံတွေအနေနဲ့ လက်နက်ကိုင်တွေနဲ့တပ်စွဲနေထိုင်ရာနေရာတွေ လက်နက်ကိုင်တွေရှိရာနေရာတွေနဲ့ ဝေးရာမှာနေထိုင်ကြဖို့လိုတယ်လို့ စစ်ရေးလေ့လာသုံးသပ်သူတွေက သတိပေးထားပါတယ်။

#PAN