ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ စက်မှုကဏ္ဍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းလေးခု အတည်ပြုပေး

(ပြည်တွင်း) အောက်တိုဘာ ၃၁

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၀/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို အောက်တို ဘာလ ၂၉ ရက် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ပြုလုပ်ခဲ့ပြီး စက်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းလေးခုကို အတည်ပြုပေးကြောင်း သိရပါတယ်။

အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း နှင့် ကော်မတီအဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါတယ်။

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအနေနဲ့ အတည်ပြုပေးခဲ့သည့် လုပ်ငန်းများမှာ CMP စနစ်ဖြင့် wearing apparel အမျိုးမျိုးနှင့် အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်းတို့ဖြစ်ပါတယ်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်းပမာဏမှာ အမေရိကန်ဒေါ်လာ ၅ ဒသမ ၁၉၆ သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ၃,၆၉၅ ဦးအတွက် ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။

အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုပမာဏတိုးမြှင့်မည့် လုပ်ငန်းတစ်ခုအပါအဝင် အထွေထွေကိစ္စရပ်များ တင်ပြ လာသည့် ကုမ္ပဏီ ၁၀ ခုတို့မှ တင်ပြချက်များကိုလည်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ သိရပါတယ်။

#PAN