နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစော ကိုကိုးကျွန်းမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံ

(ပြည်တွင်း) အောက်တိုဘာ ၂၆

နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော သည် တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာလ ၂၅ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနဲ့ မြို့မိမြို့ဖများအား သွားရောက်တွေ့ဆုံ ခဲ့ကြောင်း သိရပါတတယ်။

အဆိုပါတွေ့ဆုံပွဲတွင် နိုင်ငံတော်ဝန်ကြီးချုပ်က ကိုကိုးကျွန်းဒေသ၏ လူနေမှုဘဝများ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် နိုင်ငံတော်အစိုးရမှ ကဏ္ဍအလိုက်ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ဒေသခံများအနေဖြင့် ပိုမိုတိုးတက် မြင့်မားအောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ဒေသမှထွက်ရှိသည့် အုန်းနှင့်အုန်းထွက်ပစ္စည်းများ၊ ရေထွက် ပစ္စည်းများနှင့် ဒေသတွင်းထွက်ရှိသော သရက်၊ နာနတ်ကဲ့သို့ သီးနှံများအား ရေရှည်ခံတန်ဖိုးမြင့် value added ထုတ်ကုန်ပစ္စည်းများအဖြစ် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန် မှာကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဒေသခံများ၏ အသက်မွေးဝမ်းကြောင်းအတွက် အုန်းသီးအခြေခံတန်ဖိုးမြှင့် စားသောက်ကုန် နှင့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းများ၊ အိမ်တွင်းမှုသင်တန်းများနှင့် စက်ချုပ်သင်တန်းများကို ဖွင့်လှစ် သင်ကြားပေးရန်၊ ကိုကိုးကျွန်းမြို့နေ ပြည်သူများ ဒေသဆန်ဖူလုံရေးအတွက် လယ်မြေ၊ ကုန်းမြင့်လယ်မြေ များ ဖော်ထုတ်ရန်၊ စိုက်ပျိုးရေရရှိရေးအတွက် လျှိုပိတ်ဆည်များ၊ ချောင်းပိတ်၊ မြောင်းပိတ် တမံအသေးစားများ ဆောင်ရွက်ပေးနိုင်ရန် စီစဥ်ပေးမည်ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။

ဒါ့အပြင် အရည်အသွေးကောင်းမွန်သော ကိုကိုးပင်များ၊ အုန်းမျိုးများနှင့် ဝါးပင်များစိုက်ပျိုးနိုင်ရေးအတွက် မြေနေရာရွေးချယ်ဖော်ထုတ်ပြီး ကွင်းဆင်းလေ့လာခြင်း လုပ်ငန်းများ၊ သက်တမ်းရင့်အုန်းပင်များ အစားထိုးလဲလှယ် စိုက်ပျိုးရန်၊ စိုက်ပျိုးရေးလုပ်ငန်းများအပြင် တစ်နိုင်တစ်ပိုင် ကြက်၊ ဝက်မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန် တို့ကို ကူညီပေးသွားမည်ဖြစ်ကြောင်းနှင့် ကိုကိုးကျွန်းမြို့နေကျောင်းသားများ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း တန်းစဉ်ကူးပြောင်းရာတွင် အောင်ချက်မြင့်မားစေရေး ကျောင်းသား၊ မိဘ၊ ဆရာပူးပေါင်း၍ စည်းရုံး ဆောင်ရွက်ရန်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဒေသခံပြည်သူများ အနေနဲ့ စနစ်တကျဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြရန်တို့ကို ပြောကြားခဲ့ပါတယ်။

ထို့နောက် ဒေသခံများအတွက် စားသောက်ဖွယ်ရာများ၊ စိုက်ပျိုးရေးမျိုးစေ့များ၊ သုတရသ စာအုပ်စာစောင် များ၊ အသုံးအဆောင်ပစ္စည်းများနှင့် MRTV DTH set top box များ၊ လှူဒါန်းပစ္စည်းများကို ပေးအပ်ခဲ့ပြီး သာသနမဏ္ဍိုင်ကျောင်းတိုက် ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။

ဆက်လက်၍ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကိုကိုးကျွန်း နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံတွင် လျှပ်စစ်ဓာတ်အားများဖြန့်ဖြူးပေးလျက်ရှိမှု၊ ဒေသတွင်းသောက်သုံးရေရရှိရေး၊ ဒေသခံများအတွက် ရာသီမရွေး ရေချိုဖူလုံစွာရရှိရေးနှင့် စိုက်ပျိုးရေးရရှိရေးအတွက် ဆည်တမံတည်ဆောက်မည့်နေရာများကို ကြည့် ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။

PAN