မလေးရှားမှာ ဘတ်စ်ကား ဆိုင်းဘုတ်ကို တိုက်မိပြီး စင်္ကာပူ ၅ ဦး ဒဏ်ရာရ မလေးသတစ်ဦး သေဆုံး

(နိုင်ငံတကာ) အောက်တိုဘာ ၁၂

မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ်မှာ အောက်တိုဘာ ၁၁ ရက် အစောပိုင်းက အမြန်ဘတ်စ်ကားတစ်စီး အရှိန်ထိန်းမနိုင်ပဲ ဆိုင်းဘုတ်ကို ဝင်တိုက်မိရာမှ လူတစ်ဦး သေဆုံးက အများအပြား ဒဏ်ရာရတယ်လို့ သိရပါတယ်။

အဆိုပါ ဘတ်စ်ကားပေါ်မှာ စင်ကာပူနိုင်ငံသားငါးဦးလည်းပါဝင်ပြီး တယ်လို့ သိရပါတယ်။

စင်ကာပူနိုင်ငံတောင်ပိုင်းက ဘွန်လေး ဒေသကနေ ပီရပ်ပြည်နယ် အိုင်ပိုးမြို့ကိုထွက်ခွာလာတဲ့ အဆိုပါ ဘတ်စ်ကားပေါ်မှာ စုစုပေါင်း လူ ၂၉ ဦး လိုက်ပါသွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

နိုင်ငံပိုင်သတင်းအေဂျင်စီ ဘယ်နားမာသတင်းအေဂျင်စီရဲ့အဆိုအရ ကာဂျန်မြို့ရဲချုပ် နာဇ်ရွန် အဗ်ဒူ ယူဆုဖ် ကတော့ အဆိုပါဘတ်စ်ကားဟာ မလေးရှားနိုင်ငံ မြောက်-တောင် အမြန်လမ်းရဲ့ ၂၉၃ ကီလိုမီတာအကွာမှာ မနက် ၃ နာရီ ၁၅ မိနစ်ခန့်က မတော်တဆမှုဖြစ်ပွားခဲ့တယ်လို့ပြောပါတယ်။

“ယာဉ်မောင်း အပါအဝင် ခရီးသည် စုစုပေါင်း ၂၉ ဦး ရှိပြီး မလေးရှားနိုင်ငံသား ၂၄ ဦးနဲ့ စင်ကာပူနိုင်ငံသား ငါးဦး ပါဝင်တယ်လို့ ရဲချုပ် နာဇ်ရွ ကပြောပါတယ်။

သေဆုံးသွားတဲ့ ခရီးသည်ဟာ စင်ကာပူမှာ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေတဲ့ အသက် ၅၉ နှစ်အရွယ် မလေးရှားနိုင်ငံသား ဖြစ်ပြီး ဘတ်စ်ကားရဲ့ ရှေ့ထိုင်ခုံမှာထိုင်လာတာဖြစ်ပြီး ဦးခေါင်းဒဏ်ရာ ပြင်းထန်စွာနဲ့ သေဆုံးသွားခဲ့တာလို့ သိရပါတယ်။

ဒဏ်ရာရရှိသူ​တွေ ဆယ်ဒါန်မြို့က ဆူးလ်တန် အစ်ဒရစ်ရှာ ဆေးရုံ၊ ကာဂျန်မြို့မှာကှိတဲ့ တင်ဂု ပဲမိုင်ဆူရီ နိုရာရှီကင် ဆေးရုံ၊ ပူထရာဇာယာ ဆေးရုံ၊ ဆိုင်ဘာဇာယာ ဆေးရုံနဲ့ ဆယ်ရမ်ဗန်မြို့က တွမ်ကူ ဂျာအာဖာ ဆေးရုံတွေကိုပို့ဆောင်ပေးထားတယ်လို့လည်း သိရပါတယ်။

ဆီလန်ဂေါမီးသတ်နဲ့ ကယ်ဆယ်ရေးဌာနရဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးအာဟမက် မုခလစ် မုခတာ က အခင်းဖြစ်ရာနေရာမှာ ခရီးသည်တွေ ပိတ်မိနေပြီး ကယ်ဆယ်ခဲ့ရတယ်လို့ ပြောဆိုထားပါတယ်။

ရဲတပ်ဖွဲ့ရဲ့ လက်ထောက်ကော်မရှင်နာ နာဇ်ရွန် က မဆင်မခြင် မောင်းနှင်မှုကြောင့် လူအသေအပျောက်ရှိစေတဲ့ ပြစ်ဒဏ်မှာ ထောင်ဒဏ် ၅ နှစ်မှ ၁၀ နှစ်အထိ၊ ဒဏ်ငွေ မလေးရှားရင်းဂစ် ၅၀၀၀၀ (စင်ကာပူဒေါ်လာ ၁၅၃၆၀) ထက်မပိုတဲ့ ဒဏ်ငွေ ချမှတ်နိုင်တယ်လို့ သိရပါတယ်။

#PAN