
(အားကစား) အောက်တိုဘာ ၁
အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ ဝါရင့်တိုက်စစ်ကစားသမား ဂရီးဇ်မန်း ဟာ ဖရန့်ဖတ်အသင်းကို ၅ ဂိုး ၁ဂိုးနဲ့ အနိုင်ရရှိတဲ့ပွဲစဉ်မှာ သွင်းဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် အက်သလက်တီကိုအသင်းအတွက် ဂိုး ၂၀၀ ပြည့် သွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ပြင်သစ်ကစားသမား ဂရီးဇ်မန်း ဟာ အက်သလက်တီကိုအသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေသူဖြစ်တာကြောင့် ဂိုး ၂၀၀ ပြည့်တဲ့ ပထမဆုံးကစားသမား ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။
ဂိုး ၂၀၀ ပြည့်သွင်းယူပြီးချိန်မှာ ဂရီးဇ်မန်း က ”Grizi” ဆိုတဲ့အမည်ပြောင်နဲ့ ”200” ဆိုတဲ့ ကိန်းဂဏန်း ရေးထိုး ထားတဲ့ အင်္ကျီကိုကိုင်မြှောက်ကာ အောင်ပွဲခံခဲ့ပါတယ်။
ဂရီးဇ်မန်းဟာ အက်သလက်တီကိုအသင်းမှာ ၂၀၁၄ ခုနှစ် ကနေ ၂၀၁၉ ခုနှစ်အထိ တစ်ကြိမ်ကစားခဲ့ပြီးနောက် ၂၀၂၂ ခုနှစ်ကနေ လက်ရှိအချိန်အထိ ပြန်လည်လက်တွဲ ကစားနေခဲ့ခြင်းဖြစ်ပါတယ်။
#PAN