ကုလသမဂ္ဂလုံခြုံရေးကောင်စီက အီရန်နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ပြန်လည်ချမှတ်

(နိုင်ငံတကာ) စက်တင်ဘာ ၂၉

ကုလသမဂ္ဂလုံခြုံရေးကောင်စီက အီရန်နိုင်ငံ၏ နျူကလီးယားအစီအစဉ်များ ပြန်လည်ဆောင်ရွက်ခြင်း ကြောင့် အီရန်နိုင်ငံအပေါ်အရေးယူပိတ်ဆို့မှုများ ပြန်လည်ချမှတ်ရန် ကြေညာခဲ့သည်။

ကုလလုံခြုံရေးကောင်စီက ချမှတ်ထားသော အရေးယူဆောင်ရွက်မှုများတွင် ယူရေနီယံသန့်စင်ခြင်းနှင့် ပြန်လည်လုပ်ဆောင်ခြင်းကို တားမြစ် ခြင်းအပြင် လက်နက်ရောင်းချခြင်းကိုလည်း တားမြစ်ထားကြောင်း သိရသည်။

ဟီရန် က နိုင်ငံတကာ အဏုမြူ စွမ်းအင်အေဂျင်စီနှင့်ပူးပေါင်းဆောင်ရွက်မှုကိုဆိုင်းငံ့မည်ဟုတုံ့ပြန်ပြောကြားခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများကြောင့် နိုင်ငံခြားကုမ္ပဏီများက နိုင်ငံတွင်းမှ ထွက်ခွာခဲ့သည်။

သို့သော် အီရန်အစိုးရက ပိတ်ဆို့အရေးယူမှုများ ပြန်လည်ချမှတ်ခြင်းသည် နိုင်ငံ၏စီးပွားရေး အပေါ် အနည်းငယ်သာ သက်ရောက်နိုင်ကြောင်း ပြောကြားခဲ့သည်။

အီရန်နိုင်ငံအနေဖြင့် နျူကလီးယားလက်နက်မရရှိစေရေးအတွက် ဆက်လက်တွန်းအားပေးမည် ဖြစ် ကြောင်း ဗြိတိန်၊ ပြင်သစ်နှင့်ဂျာမနီ သုံးနိုင်ငံ က အလေးပေးပြောကြားခဲ့သည်။

ဗြိတိန်၊ ပြင်သစ်နှင့်ဂျာမနီတို့က အီရန်အနေဖြင့် သဘောတူညီချက်ကို ချိုးဖောက်ကာ နျူကလီးယားဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက်လုပ်ဆောင်နေ သည့်အတွက် ပိတ်ဆို့အရေးယူမှုများကို ဩဂုတ်လ ၂၈ ရက်တွင် ပြန်လည်စတင်ခဲ့ကြောင်း သိရသည်။

ကုလသမဂ္ဂ ၏ အီရန်အပေါ်ပိတ်ဆို့အရေးယူမှုကို အမေရိကန်အစိုးရကလည်း ကြိုဆိုကြောင်း ပြောကြားသည်။ ဗြိတိန်၊ ပြင်သစ်နှင့်ဂျာမနီတို့ကလည်း ကုလသမဂ္ဂ၏ပြတ်သားသော ကမ္ဘာလုံးဆိုင်ရာခေါင်းဆောင်မှုဟုခေါ်သည့် လုပ်ရပ် အတွက် ချီးကျူးဂုဏ်ပြုပါကြောင်း ပြောကြားသည်။

ဆိုင်းငံ့ထားသည့် နျူကလီးယားဆွေးနွေးပွဲကို ပြန်လည် စတင်ရန် အမေရိကန် က အီရန်ကို တောင်းဆိုခဲ့သည်ဟု NHK သတင်းဌာနဖော်ပြချက်အရ သိရသည်။

#PAN