(ပြည်တွင်း) သြဂုတ် ၃၀
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင်နဲ့ ဗိုလ်တထောင်ခရိုင်က လူ ၁ သောင်းကျော် ပြည်ခိုင်ဖြိုးပါတီထဲဝင်ရောက်လာတယ်လို့ သိရပါတယ်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) သာကေတမြို့နယ်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ဒေါပုံမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ ပုဇွန်တောင်မြို့နယ်တွေက လူဦးရေ ၁၀၉၆၆ ဦး ဂင်ရောက်လာတယ်လို့ ရန်ကုန်တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီက ပြောပါတယ်။

ပါတီဝင်သစ်တွေရဲ့အဆိုပြုလွှာတွေကို ပါတီဥက္ကဋ္ဌ ဦးခင်ရီကိုယ်တိုင်လာရောက်လက်ခံခဲ့တာဖြစ်သလို ပါတီဝင်သစ်တွေကိုလည်း အမှာစငါးပြောကြားခဲ့တယ်လို့ သိရပါတယ်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီပြောကြားခဲ့တဲ့ အမှာစကားထဲမှာတော့ အနာဂတ်လူငယ်တွေအတွက် အပြည်ပြည်ဆိုင်ရာပညာသင်ကြားမှုနဲ့ အထွေထွေဗဟုသုတတွေလေ့လာနိုင်ရေး အခွင့်အလမ်းတွေကို ပိုမိုလေ့လာနိုင်စေရေး ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောဆိုခဲ့သလို အနာဂတ်နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ဖွံဖြိုးတိုးတက်ရေးကိုအစွမ်းကုန်ကြိုးစားဆောင်ရွက်သွားမယ်လို့ ဂတိပြုပြောဆိုခဲ့တာဖြစ်ပါတယ်။

ပါတီဝင်အသစ်တွေကလည်း ပြည်ခိုင်ဖြိုးပါတီရဲ့ လုပ်ဆောင်ချက်တွေကို အစိုးရနှစ်ဆက်နီးပါး စောင့်ကြည့်လေ့လာခဲ့ကြောင်း၊ အစိုးရတွေရဲ့လုပ်ဆောင်ချက်တွေကို နှိုင်းယှဥ်ကြည့်ခဲ့ရာမှာ ပြည်ခိုင်ဖြိုးပါတီရဲ့သဘောထားကိုမြင်တွေ့ခဲ့ရသလို ပြည်သူအပေါ်စေတနာမှန်ကန်တာကိုတွေ့ရတဲ့အတွက် ဝင်ရောက်လာတာလို့ ပြောပါတယ်။

ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးရဲ့ပြောဆိုချက်အရ ဒီနေ့အထိ ပြည်ခိုင်ဖြိုးပါတီထဲဝင်ရောက်လာသူ ၄သောင်းကျော်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။
PAN