





(မိုး/ဇလ) ဩဂုတ် ၂၇
နေပြည်တော်၊ တပ်ကုန်းမြို့နယ်အတွင်းရှိ ကျေးရွာ၊ ရပ်ကွက်များတွင် မိုးများစွာရွာသွန်းမှုကြောင့် နေအိမ်များအတွင်း ရေများဝင်ရောက်လာပြီဖြစ်ကြောင်း သိရသည်။
တပ်ကုန်းမြို့နယ်၊ ညောင်းကိုင်းအုပ်စုအတွင်းရှိ ဖောင်းတော၊ ရွေးစု(မ)၊ ညောင်းကိုင်းနဲ့ ချောင်းခွကျေးရွာတွေမှာ နေအိမ်များအတွင်း ရေစတင်၀င်ရောက်နေပြီး ညောင်ကိုင်းချောင်းနဲ့ န၀င်းချောင်းတံတားတွေမှာ တံတားပေါ်ရေကျော်လျက် ရှိကြောင်းသိရပါတယ်။
တပ်ကုန်းမြို့အတွင်းရှိ ဆရာစံနယ်မြေ (၁) ရပ်ကွက်တွင်လည်း ရေကျော်လမ်းကူး တံတား ရေလှိုက်စားပြီး ကမ်းပါးပြိုကျလျက်ရှိကြောင်း သိရပါတယ်။ ကန်ရေများ အစမတန် ထပ်တိုးလာပါကကန်ကျိုးသွားနိုင်ပြီး မြေနိမ့်ပိုင်းရှိ လူနေအိမ်များ အန္တရာယ်ရှိနိုင်ကြောင်း ဒေသခံတွေစီက သိရပါတယ်။