(ပြည်တွင်း) ဩဂုတ် ၂၀

နေ့စဉ်လူမှုဘဝအတွက် အသိပညာ၊ အတတ် ပညာတွေ ရှိရန်လိုပြီး အတန်းပညာတွေတက်မြောက်မှသာ အသိပညာ၊ အတတ်ပညာတွေ ရရှိမှာဖြစ်တယ်လို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချောက်မြို့နဲ့ ရေနံချောင်းမြို့မှာရှိတဲ့ ဌာနဆိုင်ရာတွေ မြို့မိ မြို့ဖတွေနဲ့တွေ့ဆုံစဉ် အခုလိုထည့်သွင်း ပြောဆိုလိုက်တာဖြစ်ပါတယ်။
လေ့လာမှုကနေ အသိပညာအတတ်ပညာကို ရရှိနိုင်သော်လည်း အတန်းပညာကို တတ်မြောက်ထားမယ်ဆိုပါက ပိုမိုသိရှိနား လည်နိုင်မှာဖြစ်တာကြောင့် ပညာရည်မြင့်မားရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြဖို့လိုသလိုတန်းစဉ်ကူးပြောင်းမှုတွေ လျော့နည်းမှုမရှိစေရေးအတွက်လည်း ဆောင် ရွက်ပေးကြဖို့လိုတယ်လို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ က ပြောပါတယ်။
ချောက်မြို့နယ်နဲ့ ရေနံချောင်းမြို့နယ်အတွင်း ပညာရည်မြင့်မားရေးအတွက် ဒေသခံများအနေနဲ့ ဝိုင်းဝန်းဆောင်ရွက်ပေးကြဖို့လိုပြီး ပညာတတ်တွေပေါများမှသာ ဒေသတွင်းတည်ငြိမ်အေးချမ်းမှုကို အထောက်အကူပြုနိုင်မှာဖြစ်တယ်လို့လည်း သူကဆိုပါတယ်။၊
အခြေခံပညာကျောင်းတွေမှာ “ အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက” ဆိုတဲ့အတိုင်း ကျောင်းတက်ရောက်မှုအပေါ်မူတည်ကာ တစ်ဦးချင်းရဲ့ စိတ်ဓာတ်၊ စည်းကမ်း လိုက်နာမှုတွေမှာ ကွာခြားသွားကြတယ်လို့လည်းပြောဆိုခဲ့သလို ဆရာ၊ ဆရာမတွေဟာ ဒုတိယ မိဘတွဖြစ်တာကြောင့် မိမိတို့သားသမီးတွေရဲ့ အနာဂတတွေ ကောင်းမွန်စေဖို့ ပညာရေးဆုံးခန်းတိုင်တဲ့အထိ သင်ကြားပေးကကိုလည်းမှာကြားခဲ့တယ်လို့ သိရပါတယ်။
ပညာတတ်များဖြစ်မှသာ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်တဲ့ လူငယ်တွေအဖြစ် ရောက်ရှိမှာဖြစ်ပြီး မိမိတို့ဘဝရပ်တည်ရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်နိုင်မှာဖြစ်သလို မိမိတို့ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ဒေသတွင်း နေထိုင်ကြသူတွေအနေနဲ့ ထိန်းသိမ်းဆောင်ရွက်ပေးသွားကြဖို့ကိုလည်း မှာကြားခဲ့တယ်လို့ သိရပါတယ်။