မြိုင်မြို့နယ်အတွင်း စျေးရောင်းခြင်း၊စျေးဝယ်ခြင်းများနှင့် ခရီးသွားယာဉ်လိုင်းများ ခရီးသွားခြင်းများကို လူသတ်အကြမ်းဖက်သောင်းကျန်း သူ PDF များက ခြိမ်းခြောက်တားမြစ်

ဇူလိုင် ၉

        မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့အတွင်းသို့နေ့စဉ်ဈေး လာရောက်ရောင်းချနေသော မြို့အနီးအနားရွာများမှ ကုန်စိမ်းဈေးသည်များကို  ယမန်နေ့ မှစတင်၍ မြိုင်မြို့အတွင်းသို့ ဈေးဘရောင်းမသွားရန် လူသတ်အကြမ်းဖက်သောင်း ကျန်းသူ PDF များက ခြိမ်းခြောက်တားမြစ်ထားသောကြောင့် ယနေ့တွင် အဆိုပါ ကုန်စိမ်းသည်များ မလာဝံ့ကြတော့ကြောင်း၊ နယ်ဝေးခရီးသွားယာဉ်လိုင်းများကိုလည်း ယာဉ်လိုင်းများ ပိတ်သိမ်းရန် ၎င်းအ​ကြမ်းဖက်အဖွဲ့က တားမြစ်ထားသောကြောင့် ယာဉ်လိုင်းများလည်း ရပ်နားထားကြရကြောင်း သိရပါသည်။

        မြိုင်မြို့နယ်အတွင်းရှိ ပြည်သူ့စစ်ရွာများမှပြည်သူများကို ခရီးသွားခြင်း၊ ဈေးဝယ်ခြင်းများမပြုလုပ်ရန် အဆိုပါ လူသတ်အကြမ်းဖက် PDF များက တားမြစ်ပိတ်ပင်ခြင်းများပြုလုပ်ထားသောကြောင့် စားနပ်ရိက္ခာများ အခက်အခဲဖြစ်ပေါ်နေကြောင်း၊ ဇူလိုင်လ ၃ ရက်နေ့ က မြိုင်မြို့နယ်၊ တွင်းမပြည်သူ့စစ်ရွာမှ ဦးဖိုးသန်း သည် ၎င်း၏ဆိုင်ကယ်ဖြင့်ကမ္မဈေးမှ ဆန်အိတ်များကိုသယ်ယူပေးနေစဉ် အင်ဘတ်ရွာအနီး၌ လူသတ်အကြမ်းဖက် PDF များက ဖမ်းဆီးကာ သတ် ဖြတ်လိုက်ကြောင်း၊ ၎င်းဖြစ်စဉ်ကြောင့် တွင်းမရွာမှ ပြည်သူများ ဈေးဝယ်မထွက်ဝံ့တော့ကြောင်း၊ ပြည်သူ့စစ်ရွာ မဟုတ်သောရွာမှ ပြည်သူများ သည် လွတ်လပ်စွာခရီးသွား ဈေးဝယ်နိုင်ကြပြီး ပြည်သူ့စစ်ရွာမှ ပြည်သူများမှာ စားနပ်ရိက္ခာများပြတ်လပ်နေကြကြောင်း ၎င်းရွာမှ ပြည်သူများမှ သတင်းပေးပို့လာပါသည်။

#PAN