
(ပြည်တွင်း) ဇူလိုင် ၂၂
နောင်ချိုမြို့ရှိ အောင်ပွဲရ အရာရှိ၊ စစ်သည်များအား နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း သွားရောက်တွေ့ဆုံခဲ့ပြီး စစ်မြေပြင် တစ်ဆင့်မြင့်ရာထူးတိုးမြှင့်ခြင်းခံရသည့် စစ်သည်များကို အဆင့်တံဆိပ်များ တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။
နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဇူလိုင် ၂၁ ရက်နေ့ မွန်းလွဲပိုင်းတွင် မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်သည့် အောင်ပွဲရ အရာရှိ၊ စစ်သည်များအား ဂုဏ်ပြုခြင်းအခမ်းအနားသို့ တက်ရောက်ပြီး ဂုဏ်ပြုအမှာစကားပြောကြားပြီး တစ်ဆင့်မြင့်ရာထူးတိုးမြှင့်ခြင်းဖြစ်သည်။
တပ်မတော်က ပြည်သူလူထု အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter-Terrorism Operation) ဆောင်ရွက်ကာ ပြန်လည်ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့ရှိ အောင်ပွဲရ အရာရှိ၊ စစ်သည်များအား ယခုကဲ့သို့ ရာထူးတိုးမြှင့်ခြင်းဖြစ်သည်ဟု သိရသည်။
နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အတူ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ ဂုဏ်ပြုခဲ့ခြင်းဖြစ်သည်။