(ပြည်တွင်း) ဇူလိုင် ၁၁

မြန်မာနိုင်ငံသားမိဘများမှ ပြည်ပမှာမွေးဖွားသော ကလေးများအတွက် မွေးဖွားကြောင်း မှတ်ပုံတင်ရန် လိုအပ်ကြောင်း တိုကျိုမြို့ရှိ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေးထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံသား မိဘများမှ ပြည်ပတွင် မွေးဖွားသော ကလေးများအတွက် မွေးဖွားကြောင်းမှတ်ပုံတင်ခြင်းကို မြန်မာနိုင်ငံသားဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ မွေးဖွားပြီးတစ်နှစ်အတွင်း မြန်မာသံရုံးမှတစ်ဆင့် မှတ်ပုံတင် ခြင်းကို ဦးစွာလျှောက်ထားဆောင်ရွက်ရမည်ဖြစ်သည်။
မှတ်ပုံတင်ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံသားမိဘနှစ်ပါးက နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူများဖြစ်ရန်လိုအပ်ပြီး အမျိုးသားမှတ်ပုံတင်သက်သေခံကတ်ပြား ကိုင်ဆောင်သူများဖြစ်ပါက နိုင်ငံသားစိစစ်ရေးကတ်ပြားသို့ ဥပဒေနှင့်အညီ လဲလှယ်ကိုင်ဆောင်ပြီးမှသာ ကလေး မွေးဖွားမှု မှတ်ပုံတင်ခြင်းကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း အသိပေးထားပါတယ်။
ဒါ့အပြင် နိုင်ငံတော်ပြင်ပမှာ ကလေးမွေးဖွားကြောင်းကို မြန်မာသံရုံးမှတစ်ဆင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၌ မှတ်ပုံတင်ပြီးမှသာ ကလေးများအတွက် နိုင်ငံကူးလက်မှတ် လျှောက်ထားခြင်းကို ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရပါတယ်။
ဒါကြောင့် ကလေးမွေးဖွားကြောင်း မှတ်ပုံတင်ခြင်းအတွက် လိုအပ်တဲ့အထောက်အထားများနှင့် စာရွက်စာတမ်းများကို သိရှိနိုင်ရန်လည်း တိုကျိုမြို့ရှိ မြန်မာသံရုံးက ထုတ်ပြန် အသိပေး ဖော်ပြထားပါတယ်။
Telegram»…
https://t.me/positiveanglenews