ကျောက်မဲကို လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်ပြုလုပ်


(ပြည်တွင်း) ဇူလိုင် ၁၁

တအောင်းလက်နက်ကိုင် TNLA အကြမ်းဖက်အဖွဲ့တွ ခိုအောင်းနေတဲ့ ကျောက်မဲမြို့က နေရာအချို့ကို ဒီနေ့မနက်ပိုင်းက လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ ဇူလိုင် ၁၁ ရက် မနက် ၃ နာရီ ၅ မိနစ်အချိန်ခန့်က ကျောက်မဲ+နောင်ချို ပြည်ထောင်စုလမ်းမကြီးပေါ်က ခိုမုန်းကျေးရွာအနီးမှာရှိတဲ့ ကောလီဟိုတယ် အနီးကအကြမ်းဖက်အဖွဲ့ တွေခိုအောင်း ရာနယ်မြေတွေ၊ ကျောက်မဲမြို့၊ခရိုင်ရဲစခန်းအတွင်းနဲ့ ကျောက်မဲမြို့၊ပင်လုံလမ်းမကြီးပေါ်က ကျောက်မဲမြို့မရဲစခန်းတွေပေါ်ကို တိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ပြုလုပ်တဲ့လေကြောင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်သမားတွေထိခိုက်သေဆုံးမှုများပြားနိုင်တယ်လို့သိရပြီး အရေအတွက်ကိုမသိနိုင်သေးဘူးလို့ ဒေသခံတွေကပြောပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN