
(ကျန်းမာရေး) ဇူလိုင် ၁၀
မွန်ပြည်နယ် ဘီးလင်းမြို့ ပြည်သူ့ဆေးရုံမှာ ရင်ချင်းဆက်အမွှာကလေးငယ်တွေကို အောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဘီးလင်းမြို့နယ် ပိုင်ဒဝယ်ကျေးရွာမှာနေထိုင်တဲ့ ကိုယ်ဝန်ဆောင် နော်ချောဂေ ဦးသန့်ဇော်ဦးရဲ့ဇနီးအား ဇူလိုင် ၉ ရက်နေ့ ည ၉ နာရီ ၄၂ မိနစ်တွင် ဘီးလင်းပြည်သူ့ဆေးရုံကြီး၌ အောင်မြင်စွာ ခွဲစိတ်မွေးမြူပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
ရင်ချင်းဆက်အမွှာတွေဟာ မိန်းကလေးတွေဖြစ်ပြီး ကလေးနှစ်ယောက်လုံး ကျန်းမာရေးအခြေအနေကောင်းမွန်ပြီး ဆက်လက်ပြုစုစောင့်ရှောက်နိုင်ဖို့ အတွက် ရန်ကုန်မြို့၊ရန်ကင်းကလေးဆေးရုံကို ပို့ဆောင်သွားမှာဖြစ်တယ်လို့ ဖြစ်တယ်လို့ သိရပါတယ်။