ဇူလိုင် ၇
ယနေ့ နံနက် ၈ နာရီ၂၀ မိနစ်အချိန်ခန့်တွင် ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးမြို့နယ်၊ရွှေလင်းကျေးရွာရှိ လျှပ်စစ်ထရန်စဖော်မာကို
အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့များက မိုင်းခွဲဖျက်ဆီးခဲ့ကြောင်းသိရှိရပါသည်။
”အကြမ်းဖက်သောင်းကျန်းသူ ၅ ယောက် ၀င်ရောက်လာတယ်၊ လျှပ်စစ်ရုံးမှာ တာ၀န်ထမ်းဆောင်နေတဲ့ ၀န်ထမ်းတွေရဲ့ ဖုံးအားလုံးကို သိမ်းယူတယ်၊ ပြီးတော့ ထွက်ပြေးခိုင်းပြီး မိုင်းခွဲဖျက်စီးခဲ့တယ်” လို့ အဆိုပါရွာမှ ပြည်သူတစ်ဦးက PAN သို့ ပြောကြားလာခဲ့ပါသည်။
သို့သော် ထရန်ဖော်မာရုံးကို မိုင်းခွဲခဲ့သည်ဟု ဆိုသော်လည်း ဝန်ထမ်းနေအိမ်များသာ ထိခိုက်ပျက်စီးမှုရှိကြောင်း၊ ထရန်ဖော်မာနှင့် လူထိခိုက်မူမရှိကြောင်း သတင်းရရှိပါသည်။
#PAN