KBZ Center Mandalayက ဘုန်းကြီးကျောင်းနှင့် ခရစ်ယာန်ကျောင်းများကို ဘိလပ်မြေအိတ်များ ထပ်မံလှူဒါန်း


(ပြည်တွင်း) ဇွန်လ ၁၅

KBZ Center Mandalay က မန္တလေးမြို့မဟာအောင်မြေ၊ အောင်မြေသာစံ၊ စဉ့်ကိုင်မြို့နယ်၊ ချမ်းမြသာစည် နှင့် ပုသိမ်ကြီးမြို့တို့ရှိ ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့‌သော ဘုန်းတော်ကြီးကျောင်းများနှင့် ခရစ်ယာန်ဘုရားကျောင်း များ ပြန်လည်တည်ဆောက်ရေးအတွက် ဘိလပ်မြေအိတ် ၂,၀၀၀ ကို ဇွန်လ ၁၆ ရက်မှာ ပေးအပ်လှူဒါန်းခဲ့ပါတယ်။

ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့ရတဲ့ ဘုန်းကြီးကျောင်းများမှာ မဟာအောင်မြေမြို့နယ်ရှိ ဗန်းမော်ကျောင်းတိုက်၊ အသောကရာမကျောင်းတိုက်၊ လေသာကျောင်းတိုက်၊ အောင်မြေသာစံမြို့နယ်ရှိ မန္တလေးတောင်ဆုတောင်းပြည့် ဘုရား၊ ချမ်းမြသာစည်မြို့နယ်ရှိ သာသနာ့ဇောတိကာရုံစာသင်တိုက်နှင့် စဉ့်ကိုင်မြို့နယ်ရှိ မြို့ဦးစာသင်တိုက်တို့မှာ အသစ်ပြန်လည်တည်ဆောက်ရမှာဖြစ်တဲ့အတွက် လှူဒါန်းပေးအပ်ခဲ့ခြင်းဖြစ်ပါတယ်။

လက်ရှိအချိန်၌ KBZ Center Mandalay က ဘုန်းတော်ကြီးကျောင်းအပါအဝင် အခြားသော ဘာသာရေး အဆောက်အဦးများ ပြန်လည်တည်ဆောက်မွမ်းမံရန် ဘိလပ်အိတ်များကို လှူဒါန်းနေခြင်း ဖြစ်ပါတယ်။

KBZ Center Mandalay စတင်ဖွင့်လှစ်ခဲ့သည့် ဇွန်လ ၁၀ ရက်မှစ၍ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ ဘုန်းတော်ကြီးကျောင်း နှင့် သီလရှင်ကျောင်းများအပါအဝင် ဘာသာရေးအဆောက်အဦးများအတွက် နေရာပေါင်း ၃၁ နေရာသို့ ဘိလပ်မြေ အိတ် ၉,၃၀၀ အိတ်နှင့် ဆန်အိတ် ၁,၇၄၀ အိတ် လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN