
(ပြည်တွင်း) ဇွန် ၄
နေပြည်တော် ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်အတွင်းရှိ အသက် ၁၀၀ နှစ်အထက် အဘိုးအဘွား ၁၀ ဦး၏ Biometric Data ကို ဇွန်လ ၃ ရက်က အိမ်တိုင်ရာရောက် ကောက်ယူပြီးစီးခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနထံကနေ သိရပါတယ်။
တပ်ကုန်းမြို့နယ်၊ သာယာအေးအုပ်စု၊ ရွာသစ်ကျေးရွာနေ အသက် ၁၀၀ အထက် အဘိုးတစ်ဦးရဲ့ နေအိမ်အပါအဝင် အခြားအဘိုးအဘွား ၁၀ ဦး၏ နေအိမ်များသို့ အိမ်တိုင်ရာရောက် ကောက်ယူပေးခဲ့ခြင်း ဖြစ်ပါတယ်။
လက်ရှိမှာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနအနေနဲ့ ပန်းခင်းစီမံချက်အရ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းသို့ ကွင်းဆင်းကာ နိုင်ငံသားစီစစ်ရေးကတ်၊ UID ကတ်များကို ဒေသအလိုက် မိုဘိုင်းရွေ့လျား စနစ်နဲ့ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။