(မှုခင်း) ဇွန် ၄
ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်တွင် ခရီးသည်တင်ကားတစ်စီး လမ်းဘေးထိုးကျပြီး သစ်ပင်ကို ဝင်တိုက်မိခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ထံမှ သိရပါတယ်။

ဒီနေ့မနက် ၇နာရီ၁၅မိနစ်အချိန်ခန့်က ကျောင်းကုန်းမြို့နယ်၊ သဲကုန်းကျေးရွာရှိ ရန်ကုန်-ကျုံပျော်သွားကားလမ်းအတိုင်း ကျုံပျော်ဘက်က ရန်ကုန်ဘက်ကို မောင်းနှင်လာတဲ့ ခရီးသည်တင်ကားတစ်စီးမှာ မိုင်တိုင်အမှတ် ၇၇/၇ အရောက် လမ်းဘေးကို ထိုးကျခဲ့ပြီး သစ်ပင်အား ဝင်တိုက်မိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ယာဥ်မတော်တဆမှုကြောင့် ယာဥ်မောင်းသူမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ယာဥ်ပေါ်ပါ ခရီးသည် ၁၁ ဦးမှာလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့တာကြောင့် ကျောင်းကုန်းမြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက ကူညီမှုများပြုလုပ်ပေးခဲ့ကြရပြီး ကျောင်းကုန်းလူငယ်နာရေးကူညီမှုအသင်းက ကျောင်းကုန်းပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
PAN