(အားကစား) မေလ ၂၈

ကမ္ဘာ့အဆင့် (၁) အီတလီတင်းနစ်သမား ဆင်နာ ဟာ မေလ ၂၆ ရက်က ယှဉ်ပြိုင်ခဲ့တဲ့ ပြင်သစ်အိုးပင်းတင်းနစ် အမျိုးသားတစ်ဦးချင်း ပထမအဆင့်မှာ အနိုင်ရရှိခဲ့ပြီး ဒုတိယအဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။
ကမ္ဘာ့အဆင့် (၁) ရထားတဲ့ ဆင်နာ ဟာ ပထမအဆင့်ပွဲအဖြစ် ပြင်သစ်နိုင်ငံသား ရင်ဒါနက်ချ် နဲ့ ယှဉ်ပြိုင် ခဲ့ရတာဖြစ်ပြီး ဆင်နာ အတွက် သက်သောင့်သက်သာ ကစားခဲ့ရတဲ့ပွဲလည်း ဖြစ်ခဲ့ပါတယ်။
ပွဲအပြီးမှာတော့ ဆင်နာ က ၆-၄၊၆-၃၊၇-၅ ဆိုတဲ့ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး ဒုတိယအဆင့်ကို တက်ရောက်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။
အခုနှစ်အစပိုင်းမှာ ကျင်းပတဲ့ ဩစတြေးလျအိုးပင်းမှာ အနိုင်ရထားခဲ့တဲ့ ဆင်နာ အတွက် အခုနိုင်ပွဲက ဂရင်းစလမ်ပွဲစဉ် ၁၅ ပွဲဆက် အနိုင်ရတာဖြစ်ပြီး ပွဲပယ်ပြစ်ဒဏ်ကျခံ ရပြီးနောက်ပိုင်း ပထမဆုံးဂရင်းစလမ်ပြိုင်ပွဲ ဖြစ်ပါတယ်။
ဆင်နာဟာ ဒုတိယအဆင့်မှာလည်း ပြင်သစ်နိုင်ငံသား ဂက်စ်ကွက် နဲ့ ရင်ဆိုင်ရမှာဖြစ်လို့ ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲ ဖြစ်လာနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
Telegram»…
https://t.me/positiveanglenews