“လားရှိးကိုပြန်လည်ထိန်းချုပ်ပြီးနောက် ကျန်းမာရေးပညာပေးခြင်းတွေ စတင်ဆောင်ရွက်နေ”

(ကျန်းမာရေး) မေ ၁၂

တပ်မတော်က ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ကို ပြန်လည်ထိန်းချုပ်လိုက်ပြီးတဲ့နောက်  မြို့မဈေးကြီးအပါအဝင် မြို့ပေါ်အမှတ်(၁)နှင့် (၃)ရပ်ကွက်တို့တွင် ကျန်းမာရေးပညာပေးခြင်းများ စတင်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

အဆိုပါကျန်းမာရေးအသိပညာပေးခြင်းအတွက် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကာ ဆေးစိမ်ခြင်ထောင်တွေ ဖြန့်ဝေပေးခြင်းလုပ်ငန်းတွေကိုလည်း တဆက်တည်းဆောင်ရွက်ပေးလျက်ရှိတယ်လို့ သိရပါတယ်။

မေလ ၅ ရက်မှာ လားရှိုးပြည်သူ့ဆေးရုံကြီးကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး မြို့ပေါ်ရပ်ကွက်များအတွင်း ကျန်းမာရေးအသိပေးခြင်းလုပ်ငန်းစဉ်များကို ကွင်းဆင်း ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။

ဒါ့အပြင်ကျန်းမာရေးနှင့်ညီညွတ်တဲ့ သောက်သုံးရေးရရှိရေးအတွက် မြို့တွင်းရေပေးဝေရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိပြီး၊ လက်ရှိမှာ သောက်သုံးရေသန့်များ ရရှိနိုင်ရန် မြို့နယ်စည်ပင်၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့က စရိတ်မျှပေးစနစ်ဖြင့် ရေဖြန့်ဝေပေးရန် စီစဉ်လျက်ရှိတယ်လို့ သိရပါတယ်။ 

#PAN