(မှုခင်း) ဧပြီ ၆

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့၊ အမှတ်(၃)ရပ်ကွက်၊ ရွှေလက်ပျံရပ်နေ ပြည်ခိုင်ဖြိုးပါတီဝင် ၁ ဦးအား ယနေ့နံနက် ၁၀ နာရီ ၅၀ မိနစ်အချိန်ခန့်က အကြမ်းဖက် PDF များမှ သတ်ဖြတ်သွာကြောင်း သိရသည်။
ဖြစ်စဉ်တွင် ငါ့သရောက်မြို့၊ အမှတ်(၃)ရပ်ကွက်၊ ရွှေလက်ပျံရပ်နေ ဦးအောင်စိုး၊ ၅၇ နှစ်၊ (ဘ)ဦးဘိုငွေ(ညောင်ဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်အရန်ကော်မတီဝင်၊ ရပ်ကျေးပါတီဥက္ကဌ)သည် နေအိမ်၌ ဇနီးဖြစ်သူ ဒေါ်မိုးနှင်းဦး နှင့် အတူရှိနေစဥ် အကြမ်းဖက် PDF အဖွဲ့ဝင် ၂ ဦးမှာ မောင်းဂွက်တောကျေးရွာဘက်မှ ဆိုင်ကယ် ၁ စီးဖြင့်ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်မှုကြောင့် ဦးအောင်စိုး(ညောင်ဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်အရန်ကော်မတီဝင်၊ ရပ်ကျေးပါတီဥက္ကဌ)တွင် ဦးခေါင်းနောက်စေ့မှ ယာမျက်နှာပြင် ဖောက်ထွက်ဒဏ်ရာ ၄ ချက်၊ ယာ-လည်ပင်း ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာ-ပုခုံး ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ရရှိကာ အခင်းဖြစ်နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း သိရပြီး၊ အခင်းဖြစ်နေရာအနီးမှ 9-MM LUGER ကျည်ခွံ ၇ ခု တွေ့ရှိခဲ့ကြောင်း သိရှိရသည်။
Telegram»…
https://t.me/positiveanglenews