ငလျင်ကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်နေချိန် ဓာတ်အားခွဲရုံအား PDF များမှ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်

(ပြည်တွင်း) မတ် ၃၁

အင်အားပြင်းငလျင်ကြောင့် နိုင်ငံတဝှမ်းလျှပ်စစ်ဓာတ်အားပြန်တောက်နေချိန်တွင် PDF အကြမ်းဖက်များမှ ဓာတ်အားခွဲရုံများအား လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း သိရသည်။

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုများအား ပြတ်တောက်စေရန် ရည်ရွယ်ချက်ဖြင့် PDF အကြမ်းဖက်သမားများက စလင်းမြို့နယ်ရှိ တညောင်ဓာတ်အားခွဲရုံအား လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

PDF အကြမ်းဖက်သမားများက ယနေ့ နံနက် ၆ နာရီခန့်တွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့၏ အနောက်မြောက်ဘက် မီတာခန့်အကွာရှိ တညောင်ဓာတ်အားခွဲရုံစက်ရုံမှ လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများသည် ပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ငလျင်ဒဏ်ကြောင့် ပြည်သူများအတိဒုက္ခရောက်နေချိန်တွင် PDF အမည်ခံ အကြမ်းဖက်သမားများ၏ယခုကဲ့သို့ အကြမ်းဖက်အနှောင့်အယှက်လုပ်ရပ်များသည် လွန်စွာစက်ဆုပ်ဖွယ်ကောင်းကြောင်း ဒေသခံပြည့သူများမှ မှတ်ချက်ပြု ပြောဆိုနေကြကြောင်း သိရသည်။

Telegram Join – t.me/positiveanglenews

PAN #ငလျင် #နစက #ဓာတ်အားပေးစက် #PDFပစ်ခတ်