(ပြည်တွင်း) မတ် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ သစ်ဆိပ့်ကျေးရွာတွင် အကြမ်းဖက် PDF အဖွဲ့များ၏ ခဲယမ်းဆက်စပ်ပစ္စည်းများနှင့် Drone ၁ စီး သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
မုံရွာမြို့နယ်အတွင်း နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မတ်လ ၁၃ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်က သစ်ဆိပ့်ကျေးရွာတွင် လူနေထိုင်ခြင်းမရှိသည့် နေအိမ် ၁ လုံးအတွင်းက အကြမ်းဖက် PDF များ၏ ပွိင့် ၃၀ ကာဘိုင်ကျည် ၁၀၀ တောင့်၊ M-22 ကျည် ၁၄၆၀ တောင့်၊ M-22 ကျည်အိမ် ၁၂ ခု၊ လက်လုပ်တိုက်မိုင်း ၃ လုံး၊ လက်လုပ်လက်ပစ်ဗုံး ၄ လုံး၊ ဒီတိုနေတာ ၉၀ ချောင်း၊ DJI Mavic Air-2 ကင်းထောက် Drone ၁ စီးတို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews