(နိုင်ငံတကာ) မတ် ၁၃
အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး (ICC) အနေဖြင့် ၎င်းတို့၏ လုပ်ငန်းတာဝန်များနှင့်လုပ်ပိုင်ခွင့်များကို ဖော်ဆောင်ရာတွင် တရားဥပဒေနှင့်အညီ ချင့်ချိန်လုပ်ဆောင်သင့်ပြီး နိုင်ငံရေးနှင့်မပတ်သက်သည့် အကြောင်း အရာများကို နိုင်ငံရေးဇာတ်သွင်းခြင်း သို့မဟုတ် စံနှစ်မျိုးအသုံးပြုခြင်းမှ ရှောင်ကြဉ်သင့်သည်ဟု တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မောင်နင်း က ပြောကြားသည်။

ICC မှ ဖမ်းဝရမ်းထုတ်ပြန်ပြီးနောက် ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂူဒူတာတေ ပြည်ပနိုင်ငံမှ မနီလာ မြို့တော်သို့ပြန်လာစဉ် ဖမ်းဆီးခံရခြင်းနှင့်စပ်လျဉ်း၍ မတ်လ ၁၁ ရက်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များ၏မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာတွင် မောင်နင်း က ထိုသို့ပြောကြားခြင်းဖြစ်သည်။
ဒူတာတေဖမ်းဆီးခံရမှုသည် အလွန်အရေးကြီးသည့် ဖြစ်စဉ်တစ်ခုဖြစ်ပြီး တရုတ်နိုင်ငံက ယင်းဖြစ်စဉ်အား အနီးကပ် စောင့်ကြည့်လျက်ရှိသည်ဟု မောင်နင်း က ဆက်လက်ပြောကြားသည်။
ထို့ပြင် ICC အနေဖြင့် ဘက်မလိုက်သည့်စည်းမျဉ်းကို တိကျစွာလိုက်နာသင့်ပြီး ၎င်းတို့၏လုပ်ငန်းတာဝန်များကိုလည်း ဥပဒေနှင့်အညီ စဉ်းစားချင့်ချိန်၍ အသုံးချခြင်းဖြင့် စံနှစ်မျိုးအသုံးပြုခြင်းအား ရှောင်ရှားသင့်သည်ဟု တရုတ်နိုင်ငံအနေဖြင့် ရှုမြင်ကြောင်း မောင်နင်း က ဆက်လက်ပြောကြားခဲ့ကြောင်း သိရသည်။
#PAN #ICC #တရုတ် #တရားဥပဒေနှင့်အညီ