(နိုင်ငံတကာ) မတ်လ ၈

သွင်းကုန်စည်းကြပ်မှုပြဿနာ၊ ဖန်တနိုင်းမူးယစ်ဆေးပြဿနာများနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံ၏ ဖိအားပေးမှုကို တရုတ်နိုင်ငံက ပြတ်ပြတ်သားသား တုံ့ပြန်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ က ပြောကြားလိုက်သည်။
ကုန်သွယ်ရေးပြဿနာ၊ ဖန်တနိုင်းပြဿနာများနှင့်ပတ်သက်၍ တစ်ဖက်သတ် ဖိအားပေးလာမှုများကို တရုတ်နိုင်ငံအနေဖြင့် ပြတ်ပြတ်သားသား တုံ့ပြန်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ က ပြောကြားခဲ့သည်။
ပေကျင်းမြို့၌ကျင်းပနေသည့် အမျိုးသားပြည်သူ့ကွန်ဂရက်ညီလာခံကာလ သတင်းစာရှင်းလင်း ပွဲတစ်ရပ်တွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးက ထိုကဲ့သို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် အဓိက ကမ္ဘာ့အင်အားကြီးနိုင်ငံများအနေဖြင့် အားနည်းသူများကို အနိုင်မကျင့်သင့်ကြောင်း ကိုလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ၏ နိုင်ငံခြားရေးမူဝါဒများနှင့် ပတ်သက်၍ ရည်ညွှန်းဝေဖန်ခဲ့သည်။
သမ္မတ ဒေါ်နယ်ထရမ့် ဦးဆောင်သော အမေရိကန်အစိုးရအဖွဲ့သည် ယခုရက်သတ္တပတ်အတွင်း တရုတ် ပို့ကုန်များအပေါ် ၁၀ ရာခိုင်နှုန်း ထပ်ဆောင်း၍ အခွန်စည်းကြပ် ထားသည်။
အမေရိကန်နိုင်ငံအတွင်းသို့ ဖန်တနိုင်း မူးယစ်ဆေးများဝင်ရောက်မှုကို ထိထိရောက်ရောက် တားဆီးပေးမှုမရှိခဲ့ကြောင်း စွပ်စွဲချက်ဖြင့် တရုတ်ကုန်ပစ္စည်း များအပေါ် အမေရိကန်အစိုးရက သွင်းကုန်ခွန်ထပ်ဆောင်းစည်းကြပ်မှု ပြုလုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews