(မှုခင်း) ဖေဖော်ဝါရီ ၂၃

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ ဝန်ဇင်းရပ်ကွက်၊ EPC ရုံးရှေ့၊ မိတ္ထီလာ-မလှိုင်သွားကားလမ်းဘေးရှိ “ရမ်းကြီး” လ္ဘက်ရည်ဆိုင်တွင် ဝန်ဇင်းရပ်ကွက်၊ မင်္ဂလာဦးရပ်၊ ရာအိမ်မှုးဖြစ်သူ သတ်ဖြတ်ခံရကြောင်း သိရသည်။
ယနေ့နံနက် ၈ နာရီ ၄၅ မိနစ် အချိန်ခန့်က ဝန်ဇင်းရပ်ကွက်၊ မင်္ဂလာဦးရပ်၊ ရာအိမ်မှုးဖြစ်သူ ဦးဇော်မင်းဦး၊ ၄၅ နှစ်၊ (ဘ)ဦးဘစိန်သည် မိတ်ဆွေ ၃ ဦးနှင့် အတူ “ရမ်းကြီး” လ္ဘက်ရည်ဆိုင်တွင် လ္ဘက်ရည်သောက်နေစဥ် အမည်မသိလူငယ် ၂ ဦးမှ မော်တော်ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ဆိုင်ရှေ့တွင် ပစ္စတိုဖြင့် ၁ ချက် ပစ်ခတ်ကာ ရာအိမ်မှုး ဦးဇော်မင်းဦး နှင့် အဖွဲ့ထိုင်နေသောစားပွဲသို့ ရောက်ရှိလာပြီး ဦးဇော်မင်းဦးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သေနတ်နှင့် ပစ်ခတ်မှုကြောင့် ဦးဇော်မင်းဦးတွင် ဦးခေါင်း ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ လည်ပင်းဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။။
Telegram»…
https://t.me/positiveanglenews