ခနောင်တိုချောင်းအတွင်း သင်္ဘော ၁ စီး မီးလောင်မှုဖြစ်ပွား


(မှုခင်း) ဖေဖော်ဝါရီ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ အရှေ့ရပ်ကွက်၊ ခနောင်တိုချောင်းအတွင်း သင်္ဘော(၁)စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ယနေ့နံနက် ၉ နာရီအချိန်ခန့်က ခနောင်တိုချောင်းအတွင်း သင်္ဘော(၁)စီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သဖြင့် ဆိပ်ကြီးခနောင်တိုမြို့နယ် မီးသတ်စခန်းနှင့် ဒလမြို့နယ် မီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များမှ အပေါ့စားစက်(၄)လုံးဖြင့် မီးငြှိမ်းသတ်ခဲကြောင်း သိရသည်။

နံနက် ၁၁ နာရီအချိန်ခန့်တွင်း မီးထိန်းနိုင်ခဲ့ပြီး မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း၊ မီးလောင်ကျွမ်းမှုကြောင့် သင်္ဘောတစ်စီးလုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ မီးစတင်လောင်ကျွမ်းသည့် အကြောင်းအရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများမှ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN