(ပြည်တွင်း) ဖေဖော်ဝါရီ ၂၁

ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်များအား ဖေဖော်ဝါရီလ ၁၉ ရက်မှ စတင် ကာ ပြန်လည်ခွင့်ပြုပြီဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်ရှာ ဖွေရေး အေဂျင်စီများထံမှ စုံစမ်းသိရှိရပါတယ်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်မှစတင်၍ ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် အလုပ်သမားစေလွှတ်မှု လုပ်ငန်းစဉ်များအား ယာယီ ရပ်နားထားရာမှ ယခုအခါ ပြန်လည်ခွင့်ပြု ပေးခဲ့ခြင်းဖြစ်ပါတယ်။
လက်ရှိတွင် ပြည်ပအလုပ်အကိုင်ရှာဖွေရေး (ထိုင်းလိုင်စင်ရ) အေဂျင်စီများမှ MoU စနစ်ဖြင့် ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ရန် အလုပ်သမားများစေလွှတ် ပို့ဆောင်နေ သော်လည်း အချို့သောအေဂျင်စီများသည် အကြောင်း အမျိုးမျိုးပြ၍ ငွေကြေးထပ်မံကောက်ခံခြင်း၊ စာချုပ်တွင် ပါရှိတဲ့လုပ်ငန်းခွင်သို့ မပို့ဆောင်ပေးခြင်းနှင့် စာချုပ်ပါ အချက်များကို ချိုးဖောက်ခြင်းများပြုလုပ်လျက်ရှိတာကို သိရပါတယ်။
ထို့ပြင် MoU စနစ်ဖြင့် ထိုင်းနိုင်ငံသို့ သွား ရောက် လုပ်ကိုင်သော်လည်း အေဂျင်စီများ တာဝန်ယူမှု တာဝန်ခံမှုမရှိခြင်း၊ ထိုင်းလုပ်ငန်းရှင်များ၏ လုပ်အား ခေါင်းပုံ ဖြတ်မှုကြောင့် မြန်မာအလုပ်သမားများ နစ်နာမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews