အဝေးသင်တက္ကသိုလ်သင်တန်းများ အပ်နှံမှု ဆက်လက်လက်ခံနေ


(ပြည်တွင်း) ဖေဖော်ဝါရီ ၂၀

အဝေးသင်တက္ကသိုလ်သင်တန်းများ ကျောင်းအပ်နှံမှုကို သင်တန်းနှစ်အလိုက် ဆက်လက်လက်ခံနေပြီး လက်ရှိမှာ အဝေးသင်တက္ကသိုလ်ပထမနှစ်သင်တန်းများအတွက် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်မှ ၂၀၂၅ ခုနှစ် ဧပြီလ ၃၀ ရက် အထိ ကျောင်းအပ်လက်ခံလျက်ရှိပါတယ်။

ထိုနည်းတူ ဒုတိယနှစ်နှင့် အထက်သင်တန်းများကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်မှ မေလ ၁၆ ရက် အထိ ကျောင်းအပ်လက်ခံနေကြောင်းလည်း သိရပါတယ်။

အဝေးသင်သင်းတန်းများအပ်ရာမှာလည်း ကျောင်းအပ်ခ ငွေပေး ချေရာမှာ UAB Pay အပြင်အခြား Pay များကိုပါ အသုံးပြုနိုင်အောင်ဆောင်ရွက်နေကြောင်းလည်း သိရပါတယ်။

လက်ရှိမှာ အဝေးသင်တက္ကသိုလ်သင်တန်းများအပ်နှံရာမှာ UAB Pay တစ်မျိုးတည်းကိုသာ အသုံးပြုပြီး ငွေပေးချေနေရသောကြောင့် ကျောင်းအပ်သူများ ပိုမိုအဆင်ပြေစေနိုင်ရန် အခြားသော pay များဖြင့်ပါ ငွေပေး ချေနိုင်ရန် ပြုလုပ်နေခြင်းလည်း ဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN