ရုရှားနှင့်အမေရိကန်တို့က ငြိမ်းချမ်းရေးကိုသာအာရုံစိုက် လုပ်ဆောင်မည်ဖြစ်ပြီး ရုရှားသို့ ထရမ့် အချိန်မရွေး လာရောက်လည်ပတ်နိုင်ဟု ပက်စကော့ပြော


(နိုင်ငံတကာ) ဖေဖော်ဝါရီ ၁၇

ရုရှားနှင့် အမေရိကန်တို့အနေဖြင့် ယခုအချိန်မှစ၍ ငြိမ်းချမ်းရေးကိုသာ အာရုံစိုက်လုပ်ဆောင်မည် ဖြစ်ကြောင်း ရုရှားအစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ က ဖေဖော်ဝါရီလ ၁၆ ရက်တွင် ပြော သည်။

ရုရှားနှင့်အမေရိကန်သမ္မတတို့ကြား မကြာမီက လုပ်ဆောင်ခဲ့သည့် ဖုန်းမှတစ်ဆင့် ဆွေးနွေးမှုကြောင့် နှစ်နိုင်ငံစလုံးအနေဖြင့် ပြဿနာများကို တွေ့ဆုံဆွေးနွေးခြင်း အားဖြင့်သာ ဖြေရှင်းရန် ကြိုးပမ်းမည်ဖြစ်ပြီး ယခု အချိန်မှစ၍ စစ်ပွဲအကြောင်းကို ပြောဆိုဆွေးနွေးမည်မဟုတ်ကြောင်း ၎င်းက ဆက်ပြောသည်။

ရုရှားနိုင်ငံသည် ယခင်အမေရိကန်အစိုးရအဖွဲ့နှင့် ထိတွေ့ဆက်ဆံနိုင်ခဲ့ခြင်းမရှိကြောင်း၊ သို့သော် လက်ရှိ သမ္မတဒေါ်နယ်ထရမ့်၏ ရှုမြင်မှုများသည် အကျိုးသင့်၊ အကြောင်းသင့် တွေးခေါ်နိုင်သူများ၏ စိတ်ကို ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း ပက်စကော့ က ရုပ်သံတစ်ခုနှင့် ပြုလုပ်သည့် တွေ့ဆုံဆွေးနွေးမေးမြန်းခန်းတစ်ခု၌ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့်အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့သည် ဖေဖော်ဝါရီလ ၁၂ ရက်တွင် ဖုန်းမှတစ်ဆင့် ပြောဆိုခဲ့ကြပြီး ယူကရိန်းအရေး အဆုံးသတ် နိုင်ရန်အတွက် လုပ်ဆောင်ရန် သဘောတူညီခဲ့ကြသည်။

ထို့ပြင် အမေရိကန်သမ္မတ ထရမ့်အနေဖြင့်လည်း နှစ်နိုင်ငံစလုံးက အပြန်အလှန်သဘောတူညီထားသည့် အတိုင်း ရုရှားနိုင်ငံသို့ သဘောတူညီထားသည့်အတိုင်း ရုရှားနိုင်ငံသို့ အချိန်မရွေး လာရောက်လည်ပတ်နိုင်သည်ဟု ပက်စကော့က ဆက်လက်ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN